Pages

Thursday, January 17, 2013

မျိုးဆက်သစ်တို့တိုးတက်ရစ်ဖို့

Photo
သန်းဝင်းသူ   ရေးသည်။
တကယ်တော့ ဒီကမ္ဘာလောက မှာရှိတဲ့ လူတွေရဲ့ စိတ်မှာ ဘဝမှာ လုံခြုံ စိတ်ချရဖို့ အရေးပါ အရာ
ရောက်သူ ဖြစ်ဖို့ အရှုပ် အထွေးမရှိ အေးအေး လူလူ နေတတ်ဖို့ စသဖြင့် ထူးထူး ခြားခြား တူညီတာ
ကိုတွေ့ရမှာသာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ အဓိပ္ပာယ်ရှိသော ဘဝကိုတည်ဆောက် ချင်တဲ့စိတ် လည်းတူညီမယ် ထင်
ပါတယ်။
 အဓိပ္ပာယ်ရှိသော ဘဝဖြစ်ဖို့ အတွက်ပညာဟာ အခရာပဲ့လို့လည်း မှတ်ယူတယ် ကျနော်
တို့ အပါအဝင် မျိုးဆက် သုံးဆက်လောက်ဟာ ပညာရေးအစမ်း အသပ်ခံရတဲ့ သားကောင်တွေဖြစ်ခဲ့ရတာဘယ်သူမှ မငြင်းနိုင်ပါဘူး။

 စည်းမျဉ်း စည်းကမ်း တွေဓလေ့ထုံးစံတွေ နဲ့ သမရိုးကျပညာရေး တွေကိုသာ
ရရှိလေတော့ လွတ်လပ်စွာတွေးခေါ်မှု မရှိပဲ ပညာရေးဟာ မည်ကမတ္တ အဆင့်သာဖြစ်ခဲ့ပါတယ်။
ဒါတွေကို ဆန့်ကျင်လျင်လည်း ကိုယ့်ဘဝက အန္တရာယ်ဖြစ်ဖို့ သေချာနေပါတယ် ။

ကျနော်တို့ ဆန္ဒပြင်းပြတာကဘဝမှာ အောင်မြင်မှုရဖို့ ပစ္စည်းဥစ္စာ ရှာဖွေရင်းစိတ်ချမ်းသာ ကိုယ်ချမ်းသာ နေရဖို့ အတွင်းအပြင်
 လုံခြုံမှုရရှိဖို့က အများစုလိုလားချက်ဖြစ်ပါလိမ့်မယ်။
ကျနော်အနေနဲ့ ဥာဏ်တအားကြီးမကောင်းလှပေမဲ့ငယ်ငယ်ကတည်းက ရှိသလောက်ဥာဏ်လေးနဲ့တော့
တွေးခေါ်တတ်ပါတယ်။ ဒါတွေကလည်း ဖေဖေ့ကျေးဇူးပါ။ စာပေကိုငယ်ငယ်ကတည်းကဝါသနာပါအောင်
ဖေဖေကပြုစု ပျိုးထောင်ပေးခဲ့တာပါ။

ကျနော့်မှာမေးခွန်းတွေအများကြီးရှိနေသလို အဖြေကိုလည်းကိုယ့်ဘာသာကိုယ် ထုတ်တတ်အောင်လုပ်ပါတယ်။
ပညာရေးနဲ့ပတ်သက်ပြီး ကျနော်တို့ ဟာတချိန်လုံးဆင်းရဲနေအောင် ကိုယ့်ဟာကိုယ်ဖန်တီးခဲ့တယ်။

တိုင်းတစ်ပါးဆီကလက်ဖြန့်မတောင်းရုံတမယ်အကူအညီကို တောက်လျှောက်ရယူဖို့ကြိုးစားနေခဲ့ရတယ်။
အဲဒီမှာ ကကျနော်တွေးတာက ကျနော်တို့ရဲ့ ဝန်ကြီးဌာနအတော် များများဟာ နိုင်ငံတကာက ပေးလာမဲ့အကူအညီ အတွက်ဘယ်နေရာမှာ ဘာတွေကို ဘယ်လိုစနစ် တကျသုံးစွဲရမယ်ဆိုတာမျိုး တင်ပြရသလိုရန်ပုံငွေ တွေ ချေးငွေတွေကို သုံးစွဲဖို့အတွက် ပညာရှင်များနဲ့ရေးဆွဲရ ပါတယ်။

 ဒါဆိုရင် အခြေခံရမဲ့ပညာကိုက လက်ဖြန့်တောင်း သူများပေးလာရင် စီမံခန့်ခွဲရမဲ့
ပညာရေးစနစ် တနည်းအားဖြင့် ကျွန်ပညာရေးစနစ်လိုတွေးနေမိတတ်ပါတယ်။

တခါ ဂျပန်လိုနိုင်ငံကျတော့ တောက်လျှောက် ပြည်သူတွေကို ချမ်းသာကြွယ်ဝ စွာထားနိုင်တဲ့အပြင် အခြား
ဆင်းရဲတဲ့နိုင်ငံများစွာကိုလည်း အမျိုးမျိုးသောခေါင်းစဉ်တွေနဲ့ အကူအညီအထောက်အပံ့ပေးရလေတော့
အပြန်အလှန်အားဖြင့် သခင်ပညာရေးကို သင်ကြားရမှာသာဖြစ်ပါတယ်။

ဒါကြောင့်လည်း တိုင်းပြည်ချင်း အစိုးရချင်း လူမျိုးချင်းကွာချင်တိုင်း ကွာဟ ခဲ့ပေတာပဲ့လို့ တွေးခဲ့မိပါတယ်။
အခုထိဒီအတွေးကခိုင်မာနေဆဲပါပဲ။

တကယ်ဆို ကိုယ်သာအသိတရားရှိရှိနဲ့ စိတ်ဓါတ်ကောင်းတွေထားပြီး ကြိုးစားခဲ့ရင် ရရဲ့သားနဲ့ လူကြောက်ရောဂါစွဲကပ်ပြီး အတ္တဖက်တဲ့ လက်ရင်းအားကိုးသမားတွေကြောင့် မျိုးဆက်ကောင်းတွေ ကြွေလင့် ဆုံးရှုံးရတဲ့အပြင် ကျန်ရစ်မျိုးဆက် တွေကိုလည်း အကျင့်စာရိတ္တနိုနဲ့ စွာနေထိုင် ကျင့်ကြံတတ်အောင်ပါ စနစ်တကျယင်းတို့ ကိုယ်တိုင် ဦးဆောင်သင်ကြားပြသပေးခဲ့ပါတယ်။

ကျနော်တို့ လူကြီးမျိုးဆက်တွေဟာ လူငယ်များအတွက်စံပြနေပေးစေချင်ပါတယ်။

လမ်းပေါ်လက်သီးလက်မောင်းတန်းမှမျိုးချစ်စိတ်မဟုတ်ပါဘူး။ မိမိတစ်ကိုယ်ရေ ပတ်ဝန်းကျင်မှာ
ပြည်သူ့နီတိ စိတ်ဓါတ်နဲ့နေပေးသင့်ပါတယ် စည်းရုံးသင့်ပါတယ် ဆရာအောင်သင်းပြောသလို မျိုးဆက်သစ်တို့တိုးတက်ရစ်ဖို့ ကျနော်တို့ ပြည်သူ လူကြီးမျိုးဆက်တွေမှာတာဝန်ရှိနေပါကြောင်း........
 တိုက်တွန်းရေးသားလိုက်ရပါတယ်။

ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။           ။

••••••••thanwinthu@•••••••••••••••••