Pages

Saturday, January 19, 2013

ကာမိုင်းရဲစခန်းကို ကေအိုင်အေတပ်ဖွဲ့ တွေက တိုက်ခိုက်

၁၉-၁-၂၀၁၃
ယနေ့ နံနက် ၄ နာရီ ၅၅ မိနစ်မှာ ကာမိုင်းရဲစခန်းကို ကေအိုင်အေတပ်ဖွဲ့ တွေက တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နောက်ဆုံးသတင်းအရ မနက် ၇ နာရီ ၄၅ မိနစ်လောက်မှ ရဲတပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးလိုက်ရပါတယ်။ ကေအိုင်အေအဖွဲ့များက စခန်းတွင်း ၀င်ရောက်မီးရှို့ဖျက်ဆီးမှုများပြုလုပ်ပြီး မနက် ၉ နာရီ ၄၅ မိနစ် လောက်မှာ ပြန်လည် ထွက်ခွာသွားပါတယ်။

တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ ပါတယ်။ ရဲစခန်းနဲ့ လူနေအိမ်အချို့ မီးလောင်ပျက်စီးသွားကြောင်း နောက်ဆုံးသတင်းရရှိပါတယ်။

================================================
ယနေ့မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ဗန်းမော်- လွယ်ဂျယ်ကားလမ်း မိုင်တိုင် ၂၇မှာ ခရီးသည်တင်ကားများတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုက်ခိုက်ခံရ ယာဉ်များဟာ ဗင်ကားနှစ်စီး၊ ဟိုင်းလတ်ကားတစ်ီးဖြစ်ပါတယ်။

ကြီးကြပ်မိုင်း သုံးလုံးနဲ့တိုက်ခိုက်တာဖြစ်ပြီး အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူအားလုံးဟာ အရပ်သားခရီး သည်များသာဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများကို ဗန်းမော်မြို့သို့ ပို့ဆောင်ခဲ့ ကြောင်း နောက်ဆုံးသတင်းရရှိပါတယ်။
ဦးရဲထွဋ် ၏ facebook စာမျက်နှာမှ
=====================================================