Pages

Sunday, January 20, 2013

ကချင်းစစ်ပွဲ ရပ်ဆိုင်းရေး မုံရွာတွင် ဆန္ဒဖော်ထုတ်

ကချင်ပြည်နယ်က စစ်ပွဲများ အဆုံးသပ်ရေး၊ ငြိမ်းချမ်းရေးတို့အတွက် မုံရွာမြို့မှာ ဒီကနေ့ နေ့လယ် ၁၁ နာရီ က ဆန္ဒဖော်ထုတ်မှု လုပ်ဆောင်ခဲ့ပါတယ်။ 


ယနေ့ နံနက်က မုံရွာမြို့မှာ ကချင်စစ်ပွဲ ရပ်ဆိုင်းရေး ဆန္ဒဖော်ထုတ်နေစဉ်၊ ဓာတ်ပုံ- သက်ဆွေအေး/ဧရာဝတီ

လူအင်အား ၅၀ ကျော်ပါဝင်ပြီး တရားဝင် ခွင့်ပြုချက်နဲ့ အခုလို ဆန္ဒဖော်ထုတ်တာလည်းဖြစ်ပါတယ်။ 

မုံရွာမြို့က ပွင်လင်း အဖွဲ့တာဝန်ခံ တဦးဖြစ်သူကိုအောင်ထွန်းဦးက ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်ခွင့် ကို တောင်း ခံခဲ့ရာမှာ အရင်ရက်တွေက ခွင့်ပြုချက် ကျလာမယ်ထင်လို့ စီစဉ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ 
အခုတော့ ခွင့်ပြုချက်ကျလာလို့ အခုလို ဒီကနေ့နေ့လယ်က ဆန္ဒဖော်ထုတ်ကြတာပါ။ 


ထုတ်ပြန်ချက်ကို ရှင်းလင်းမြင်သာစွာ ကြည့်နိုင်ရန် အဆိုပါ မြန်မာ့အလင်း သတင်းစာ ဖြတ်ပိုင်းကို ကလစ်နှိပ်၍ အကျယ်ကြည့်နိုင်ပါတယ်။
ဧရာဝတီblog မှ