Pages

Sunday, January 20, 2013

လုပ်ငန်းရှင်တစ်ဦးဖျက်လို့ပျက်ခဲ့ရတဲ့ တရားဥပဒေစိုးမိုးရေးသတင်းစာရှင်းလင်းပွဲ မြန်မာဂျာနယ်နက်ဝပ် ခန်းမမှာအောင်မြင်စွာကျင်းပပြီးစီး

ဓာတ်ပုံ-Hot News
 ၃ ရက်နေ့က တော်ဝင်နှင်းဆီမှာ လုပ်ငန်းရှင်တစ်ဦးရဲ့ နှောက်ယှက်မှုကြောင့်ပွဲပျက်သွား ခဲ့ရတဲ့ “တရားဥပဒေစိုးမိုးရေးအား စိန်ခေါ်နေမှုများ” သတင်းစာရှင်း လင်းပွဲဟာ (၁၅.၁.၂၀၁၃) နေ့ မှာတော့ (၃၆) လမ်းရှိမြန်မာဂျာနယ်နက်ဝပ်မှာ MDCF အဖွဲ့နဲ့ အလုပ်သမားသမဂ္ဂတို့ပူးပေါင်းပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ကြပါ တယ်။

အခမ်းအနားကိုမြန်မာမီဒီယာတစ်ရာကျော်တက်ရောက်သတင်း ယူကြပြီး တိုင်းပြည်မှာတရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေတဲ့ကိစ္စ အရပ်ရပ်နဲ့ စိန်ခေါ်နေတဲ့သူတွေ အကြောင်းကို ကိုထင်ကျော်နဲ့ ကိုဇာနည်တို့က ရှင်းလင်းတင်ပြ ကြပါတယ်။ ပုဒ်မ ၁၈ နဲ့ ပုဒ်မ ၅၀၅ (ခ) တို့ဟာ နိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ် စဉ်ကို နှောက်ယှက်နေတဲ့ သိသာ ထင်ရှားတဲ့အဟန့်အတားဥပဒေ အမိန့်တွေဖြစ်တယ်လို့ကိုဇာနည် ကပြောကြားလိုက်ပါသည်။

“နိုင်ငံတော်မှာ တရားဥပဒေ စိုးမိုးသွားမှာကိုအကြောက်ဆုံးပုဂ်္ဂိုလ် တွေကတော့ အခွင့်ထူးခံဗိုလ်ချုပ် တချို့နဲ့ ခရိုနီတွေပါပဲ”လို့ ကုန်ဈေးနှုန်းကျဆင်းရေးကိုထင်ကျော်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
 ဇော်မြင့်(Hot News)