Pages

Wednesday, January 30, 2013

နိုင်ငံပိုင်ငွေ အလွဲသုံးသံသယဖြင့် ဆက်သွယ်ရေး အဆင့်မြင့်အရာရှိ အချို့ စစ်ဆေးခံနေရ

နေပြည်တော်၊ ဇန်နဝါရီ ၂၉
နိုင်ငံပိုင်ငွေ အလွဲသုံးခြင်းဟုဆိုကာ မြန်မာ့ ဆက်သွယ်ရေးမှ အဆင့်မြင့်အရာရှိကြီး ၈ ဦးအပါအဝင် ဝန်ထမ်းအချို့ကို စစ်ဆေးလျက်ရှိကြောင်း CID အရာရှိတစ်ဦးထံမှ သိရသည်။ အဆင့်မြင့် အရာရှိကြီး ၈ဦး အပါ အဝင် ဝန်ထမ်းစုစုပေါင်း ၁၅ ဦးကျော်တို့အား မိုဘိုင်း ဆက်သွယ်ရေး စီမံကိန်းလုပ်ငန်း များအတွက် လိုအပ်သော စက်ပစ္စည်းများ ဝယ်ယူရန် ဘဏ္ဍာငွေ တင်ပြတောင်း ခံရာတွင် ပိုမိုတွက်ချက် တင်ပြထုတ်ယူခြင်းနှင့် စက်ကိရိယာ ဝယ်ယူရာတွင် ဈေးလျှော့ဝယ်ယူသည်ဟုဆိုကာ စစ်ဆေးခြင်း နေခြင်းဖြစ်သည်ဟု ၄င်းက ပြောသည်။  အဆိုပါပုဂ္ဂိုလ်များကို နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်း ရဲစခန်းတွင် (ပ) ၆/၂ဝ၁၃၊   ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ၉ဖြင့်အမှုဖွင့် ကာ အထူးစုံစမ်း စစ်ဆေးရေးမှ စစ်ဆေး လျက်ရှိကြောင်း၊ ၄င်းတို့၏ အိမ်များသို့ပါ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ”အမှုတည်ဆောက်လို့ မပြီးသေး ဘူး၊ စစ်ဆေးပြီးလို့  တရားခံ၊ တရားလို သက်သေတွေနဲ့ အထောက်အထား တွေခိုင်လုံမှ တရားရုံးမှာ စွဲချက်တင်သွား ရမှာပါ။ မခိုင်လုံဘဲနဲ့တော့ တရားစွဲလို့ မရဘူးပေါ့။ လောလောဆယ် ပုဒ်မတစ်ခု တပ်ပြီး စစ်ဆေးနေ တဲ့သဘောပဲ။   သေချာ ခိုင်လုံတဲ့အချက်တွေ ထွက်လာပြီဆိုမှ အမှုစွဲချက်ပုဒ်မ ပြောင်းသွားနိုင်တဲ့ သဘောရှိပါတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ လက်ရှိတွင် ပြည်ထောင်စု စာရင်း စစ်ချုပ်မှ စစ်ဆေးတွေ့ ရှိ ချက်အပေါ် အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်း များက ပူးပေါင်း စစ်ဆေးနေ ခြင်းဖြစ်ပြီး စစ်ဆေးချက်များကို ရက်အကန့်အသတ် မထားကြောင်းသိရသည်။ ယင်းသို့ စစ်ဆေးရာတွင် ပေါ်ပေါက်သည့် အချက်အလက် များအရသာ တရား ဥပဒေအရ စွဲ ချက် တင်သွားရမည်ဖြစ်ကြောင်း သိရသည်။ ယခု စစ်ဆေးနေသော ပုဂ္ဂိုလ်များအပြင် လိုအပ်ပါက ဆက်သွယ်ရး ဝန်ထမ်းအချို့ကိုပါ ထပ်မံ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၁၆ ရက်နေ့ တွင် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း မိမိဆန္ဒအလျောက် နုတ်ထွက်ခဲ့ သည်။
http://popularmyanmar.com