Pages

Wednesday, January 30, 2013

“တင်ဒါအသစ်ခေါ်ယူထားသည့် ဆက်သွယ်ရေးအော်ပရေတာတစ်ခု လေးနှစ်အတွင်း ဖုန်းလိုင်း ၇ သန်းခွဲ ရောင်းခွင့်ရမည်”

တင်ဒါခေါ်ယူထားသည့် ဆက်သွယ်ရေးအော်ပရေတာ တစ်ခုလျှင် လေးနှစ်အတွင်း ဖုန်းလိုင်း ၇ ဒသမ ၅ သန်းအထိ ရောင်းချခွင့်ရရှိမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
အဆိုပါ ကုမ္ပဏီတစ်ခုသည် ယခုနှစ် ၂ဝ၁၃-၂ဝ၁၄ တွင် ဖုန်း လိုင်း တစ်သန်း၊ ၂ဝ၁၄-၂ဝ၁၅ တွင် ဖုန်းလိုင်း ၃ သန်း၊ ၂ဝ၁၅-၂ဝ၁၆ တွင် ဖုန်းလိုင်း ၃.၅ သန်းဖြင့် စုစုပေါင်း ၇.၅ သန်း ရောင်းချခွင့် ရရှိမည်ဖြစ်သည်။
ထိုသို့ရောင်းချခွင့်ရရှိရန်အ တွက် ဆက်သွယ်ရေးသည် အော်ပရေတာနှစ်ခုကို ယခုလတွင် တင် ဒါ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ အောင်မှ သာ ရောင်းချခွင့်ရရှိမည့် ဖုန်းလိုင်း ၇ သန်းကျော်သည် မြန်မာ့တယ် လီကွန်းနှင့် ရတနာပုံတယ်လီကွန်း အော်ပရေတာ နှစ်ခုထက် ရောင်းချခွင့်များစွာ နည်းပါးပြီး ဖုန်းလိုင်း အများဆုံးကို မြန်မာ့ဆက်သွယ်ရေး အသွင်ပြောင်း မြန်မာ့တယ်လီကွန်း မှသာ လုပ်ကိုင် ရောင်းချခွင့်ရရှိ ထားကြောင်း သိရသည်။
”အသစ်ခေါ်ထားတဲ့ အော်ပ ရေတာ နှစ်ခုကတော့ စမ်းသပ်လုပ် ကိုင်ခွင့်ပေးတဲ့သဘောနဲ့ ဖုန်းလိုင်း ဒီလောက်ပဲပေးတာပါ။ ဖုန်းလိုင်း တော်တော်များများကတော့ မြန်မာ့ တယ်လီကွန်းပဲ ရောင်းချသွားမှာ ပါ”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဆက်သွယ်ရေးကဏ္ဍအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်၍ ဖုန်းများရောင်းချခြင်းကို ယခုနှစ်မှ စတင်ကာ အော်ပရေတာ ၄ ခုဖြင့် ယှဉ်ပြိုင်ဝန်ဆောင်မှု ပေးတော့မည်ဟု သိရပြီး ၃ နှစ်အတွင်းမိုဘိုင်း ဖုန်းလိုင်း ၃၉ ဒသမ ၅ သန်းကို ရောင်းချမည်ဟုလည်း သိရှိရ သည်။
အဆိုပါ ဖုန်းလိုင်း ၃၉ ဒသမ ၅ သန်းတွင် ပထမနှစ် ၂ဝ၁၃- ၂ဝ၁၄ တွင် ဖုန်းလိုင်း ၁ဝ သန်း ရောင်းချသွားမည်ဖြစ်ရာ မြန်မာ့တယ်လီကွန်းမှ ၄ သန်းနှင့် ရတနာပုံ တယ်လီကွန်းမှ ၄ သန်း ရောင်းချမည်ဖြစ်ပြီး ၂ဝ၁၄-၂ဝ၁၅ ၌ ရောင်းချမည့် ဖုန်းလိုင်း ၁၄ သန်း တွင် မြန်မာ့တယ်လီကွန်းမှ ၅ သန်း၊ ရတနာပုံတယ်လီကွန်းမှ ၃ သန်း ရောင်းချမည် ဖြစ်သည်။ ၂ဝ၁၅-၂ဝ၁၆ တွင် မြန်မာတယ်လီကွန်း ၅ သန်း၊ ရတနာပုံတယ်လီကွန်း မှ ၃ ဒသမ ၅ သန်းအသီးသီး ဖုန်းလိုင်းများ ရောင်းချခွင့် ရရှိထား ကြောင်း သိရသည
http://popularmyanmar.com   မှ