Pages

Thursday, February 7, 2013

 ပညာထူးချွန်ပြီး ငွေကြေးချို့တဲ့သည့် တက္ကသိုလ်ကျောင်းသားကျောင်းသူများအတွက် ဦးတင်မောင် တက္ကသိုလ်ပညာသင်ဆုလျှောက်လွှာများ စတင်ခေါ်ယူ

ပညာထူးချွန်ပြီး ငွေကြေးချို့တဲ့သည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် ဦးတင်မောင် ပညာသင်ဆုလျှောက်လွှာများ စတင် ခေါ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ မန္တလေး ဦးတင်မောင်  ပညာသင်ဆုများကို ၂ဝဝ၅ ခုနှစ်မှစ၍ ငွေကြေးချို့တဲ့ပြီး ပညာထူးချွန် သည့်ကျောင်းသားကျောင်းသူများကို ဦးတင်မောင် တက္ကသိုလ် ပညာသင် ဆုချီးမြှင့်ရေးကော်မတီမှ စိစစ်ရွေး ချယ်ကာ လစဉ် ပညာသင်ထောက်ပံ့ ကြေးကို ဘွဲ့ရသည်အထိ ချီးမြှင့်ခဲ့သည်။
ယခု၂ဝ၁၂-၁၃ ပညာသင် နှစ်အတွက် ဆေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်နှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့မှ ကျောင်းသားကျောင်းသူများအတွက် ပထမနှစ်မှစတင်ကာ ဘွဲ့ရရှိသည်အထိ ပညာသင်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
''လူဦးရေသတ်မှတ်ထားတာ တော့ မရှိသေးပါဘူး။  လျှောက်လွှာပေါ်မူတည်ပြီး ပညာသင်ဆုပေးမယ့် ဦးရေကို ရွေးချယ်သွားမှာဖြစ်ပါတယ်''ဟု ဦးတင်မောင် တက္ကသိုလ် ပညာသင်ဆုချီးမြှင့်ရေးကော်မတီအဖွဲ့ ဝင် ဦးကျော်ဇင်ထွန်းက ပြောသည်။
အဆိုပါပညာသင်ဆုများကို  စီးပွားရေးချို့တဲ့ပြီး မိဘနှစ်ပါးမရှိသူ၊ စီးပွားရေးချို့တဲ့ပြီး မိဘတစ်ပါးပါး  မရှိသူ၊မိဘနှစ်ပါးရှိသော်လည်းစီးပွား ရေးချို့တဲ့သူ၊ ဝန်ထမ်းသားသမီးဖြစ်ပါက လစာနည်းဝန်ထမ်းများ၏သား သမီးများလျှောက်ထားနိုင်မည်ဖြစ်ပြီး  လျှောက်လွှာပုံစံများကိုမိမိတို့၏သက်ဆိုင်ရာတက္ကသိုလ်ကျောင်းရုံးများတွင်စုံစမ်းရယူနိုင်ကြောင်း သိရသည်။
ပညာသင်ဆုလျှောက်ထားလိုသူ များသည် ဦးတင်မောင် တက္ကသိုလ်ပညာသင်ဆုလျှောက်လွှာ(သတ်မှတ် ပုံစံ)၊ကာလာလိုင်စင်ဓာတ်ပုံ သုံးပုံ၊ နိုင်ငံသားစိစစ်ရေးလက်မှတ် မိတ္တူ၊   တက္ကသိုလ်ဝင်တန်းအောင် အမှတ်စာရင်းမိတ္တူ၊ သက်ဆိုင်ရာတက္ကသိုလ်သို့  တက်ရောက်ပညာသင်ကြားနေကြောင်း မော်ကွန်းထိန်း၏ထောက်ခံချက်မူရင်း၊  အိမ်ထောင်စုဇယားမိတ္တူ၊ တက္ကသိုလ် ပညာသင်ကြားရန်  စီးပွားရေးအရ အခက်အခဲရှိကြောင်း တက်ရောက် အောင်မြင်ခဲ့သည့် အခြေခံ ပညာ အထက်တန်း ကျောင်းအုပ်ကြီး၏ ထောက်ခံချက်မူရင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း မိမိနေထိုင်ရာ ရပ်ကွက်နှင့်သက်ဆိုင်ရာရဲစခန်းထောက် ခံချက်မူရင်း၊ မိသားစု စီးပွားရေး အခြေအနေကို ဖော်ပြသည့်  မိမိ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း တို့ကို ဦးတင်မောင် တက္ကသိုလ် ပညာသင်ဆုချီးမြှင့်ရေးကော်မတီ၊ ၃၁လမ်း၊၇၇x၇၈လမ်းကြား၊ချမ်းအေး သာဇံမြို့နယ်၊မန္တလေးမြို့၊ဖုန်း-ဝ၂ ၆၁၆၅၁ တို့သို့ ၂ဝ၁၃ ခုနှစ်၊ မတ် ၃၁ ရက် နောက်ဆုံးထားလျှောက် ထားနိုင်ကြောင်း သိရသည်။
အဆိုပါပညာသင်ဆုချီးမြှင့်ရန် ငွေပဒေသာပင် စိုက်ထူထားသည့် ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း၊မြောက်ပိုင်း) စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးများမှ လျှောက်ထား လိုသူများအနေဖြင့် မိမိတို့နှင့်သက် ဆိုင်သည့် တိုင်းဒေသကြီးနှင့် ပြည် နယ်အုပ်ချုပ်ရေးမှူးရုံးများ၌ လျှောက် ထားနိုင်မည်ဖြစ်ပြီး ငွေပဒေသာပင် စိုက်ထူထားခြင်းမရှိသည့် မြို့များမှ လျှောက်ထားလိုသူများ မန္တလေးရုံး သို့ တိုက်ရိုက် လျှောက်ထားနိုင် ကြောင်း သိရသည်။
Eleven Media Group