Pages

Thursday, February 7, 2013

သရုပ်ဆောင် မေဇွန်အမှုအား အနောက်ပိုင်းခရိုင် တရားရုံးမှ စွဲချက်တင်ရန် နှစ်ဖက်လျှောက်လဲချက်များ တောင်းခံ

သရုပ်ဆောင် မေဇွန် ....ဓာတ်ပုံ -ဧရာဝတီ blog
သရုပ်ဆောင် မေဇွန်အမှုအား အနောက်ပိုင်းခရိုင် တရားရုံးမှ စွဲချက်တင်ရန် နှစ်ဖက်လျှောက်လဲချက်များ တောင်ခံထားကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ၄င်းအမှုအား စစ်ဆေးလျက်ရှိသော အနောက်ပိုင်းခရိုင် တရားရုံးခရိုင် ဒုတိယတရားသူကြီး ၃ မှ သတင်း ရရှိသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှစ၍ သရုပ်ဆောင် မေဇွန်အား အနောက်ပိုင်းခရိုင် တရားရုံးတွင် စတင် စစ်ဆေးခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် သက်သေများအား စစ်ဆေးပြီးစီးခဲ့သောကြောင့် နှစ်ဖက်ရှေ့နေများဘက်မှ လျှောက်လဲချက်များအား တောင်းခံထားကြောင်း သိရသည်။

ယခု တရားစွဲဆိုထားခံရသော မေဇွန်မှာ MRTV-4 ၏ Flower & Butterfly ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံထားရသူ ဖြစ်ပြီး ကမာရွတ်မြို့နယ်၊ အမှတ် ၁ ရပ်ကွက် ဗဟိုလမ်းတွင် စက်တင်ဘာ ၁၀ ရက်ညက အိမ်ဖော်မလေး သေဆုံးမှုတွင် မေဇွန်မှာ စိတ်အလို မကျပါက အိမ်ဖော်များအား ညှဉ်းပန်းနှိပ်စက်ခြင်းများ ရှိကြောင်း၊ ပါးရိုက်ခြင်း၊ ဆံပင်ဆွဲဆောင့်၍ ကြမ်းပြင်နှင့် နံရံများဖြင့် ရိုက်ခြင်း၊ ပက်လက်လှန်ခိုင်းပြီး ဗိုက်ပေါ်သို့ တက်ခုန်ခြင်းနှင့် ကိုယ်တိုင်မရိုက်ပါက အိမ်အကူနှစ်ဦးအား ကြက်မွေးတစ်ချောင်းပေး၍ ၄င်းစိတ်ကျေနပ်သည်အထိ ရိုက်ခိုင်းခဲ့ကြောင်း ၀န်ခံချက်အရ သိရသည်။
သတင်း-Eleven Media Group