Pages

Sunday, April 21, 2013

၄၈ လမ်းဗလီပြန်ဖွင့်လို့မရဆိုတာ ဗလီတာဝန်ရှိသူတွေနှင့်သာ သက်ဆိုင်ဟုဝန်ကြီးချုပ်ဆို


ရန်ကုန်မြို့ ၄၈ လမ်းဗလီမီး လောင်မှုနှင့် ပတ်သက်၍ ဒုတိယ အကြိမ်ပြုလုပ်သောသတင်းစာရှင်း လင်းပွဲသို့ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေတက်ရောက်  ခဲ့ပြီး အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါစာနယ်ဇင်းရှင်းလင်း ပွဲ၌ “ဒီ (၄၈) လမ်း ဗလီပြန်ဖွင့်လို့ ရ မရဆိုတာနဲ့ ဘယ်တော့ပြန့်ဖွင့် လို့ရမလဲဆိုတာကတော့ ဗလီမှာ တာဝန်ရှိတဲ့သူတွေနဲ့ ပဲဆိုင်ပါတယ်။   သူတို့က အထက်ကိုစာတင်ပြီး ခွင့်ပြုမိန့်တောင်းမယ်၊ အထက်က လည်းခွင့်ပြုမိန့်ချပေးမယ်ဆိုပေမယ့် ဗလီဘယ်တော့ပြန်ဖွင့်မယ်ဆိုတာ ကတော့ ဗလီကိုပြုပြင်မွန်းမံမဲ့ ဗလီကတာဝန်ရှိသူတွေနဲ့ပဲဆိုင်ပါ တယ်။ သူတို့က (၁) ရက်စောပြီး ရင် ဗလီ (၁) ရက်စောပြီးဖွင့်လို့ ရတာပေါ့”ဟု ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေမှပြော ကြားခဲ့သည်။
၎င်းသတင်းစာရှင်းလင်းပွဲတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့၏စုံစမ်းတွေ့ ရှိချက်များ စစ်ဆေးတွေ့ရှိချက်များ အား ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။
ညီညီအောင်(http://www.hotnewsweekly.com)