Pages

Sunday, April 21, 2013

၅ဝဝဝ ကျပ်တန် မြန်မာ ငွေစက္ကူ အတု သိန်း ၂၇ဝ ဖမ်းဆီးရမိ

ဓာတ်ပုံ-မြ၀တီ
မြစ်ကြီးနား    ဧပြီ   ၂ဝ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူးလှရီ၏ လမ်းညွှန်မှုအရ မြို့ပေါ်ရပ်ကွက်များ အတွင်း လုံခြုံရေးအတွက် ရှောင်တခင် ဧည့်စာရင်း စစ်ဆေးခြင်း ဆောင်ရွက်ရာမှ မြန်မာ ငွေစက္ကူ ၅ဝဝဝ ကျပ်တန်
အတု ငွေကျပ်သိန်း ၂၇ဝ နှင့် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား နှစ်ဦးနှင့် မြစ်ကြီးနားမြို့ နေသူ နှစ်ဦးအား ဧပြီ ၁၂ ရက်က ဖော်ထုတ် ဖမ်းဆီးရမိခဲ့ သည်။ ဖြစ်စဉ်မှာ ဧပြီ ၁၂ ရက် ည ၁၂ နာရီခွဲက ရှမ်းစုမြောက် ရပ်ကွက် သျှင်းသျှင်း ဟိုတယ်သို့   အမှတ်(၁) ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ် ရေးမှူးများနှင့် သက်သေများက သွားရောက် စစ်ဆေးခဲ့ရာ အခန်းအမှတ် (၂ဝ၈)တွင် မြစ်ကြီး နားမြို့ စီတာပူ ရပ်ကွက်နေထိုင် သူများဖြစ်သည့် ဦးအောင်ကျော်လှိုင် နှင့်ဇနီး  ဒေါ်ဘောမ်ဆွမ် တို့အား တွေ့ရှိရပြီး ၎င်းတို့နှင့်အတူ အခန်းအမှတ် (၁ဝ၇)တွင်    တည်းခိုလျက် ရှိသည့် တရုတ် နိုင်ငံသား နှစ်ဦးအား ဆက်လက် စစ်ဆေးရာ ရန်ဟုန်စိန်နှင့် ကြောင်ကြား ရှုတ်ဆိုသူ နှစ်ဦးအား တွေ့ရှိခဲ့သည်။
ဆက်လက်၍ အခန်းတွင်း ထိုင်ခုံပေါ်ရှိ အနက်ရောင် ခရီးဆောင် လက်ဆွဲ အိတ်အတွင်းမှ မြန်မာ ငွေစက္ကူ အတုဟု ယူဆရသည့် ၅ဝဝဝ ကျပ်တန် ငွေကျပ် သိန်း ၂၇ဝ နှင့် အနက်ရောင် ကျောပိုးအိတ် အတွင်းမှ မြန်မာ ငွေစက္ကူအစစ် ၅ဝဝဝ ကျပ်တန်  ငွေကျပ် ၂၁၅၅ဝဝဝဝ ၊ တရုတ် Sim Card ထည့်ထားသည့် လက်ကိုင်ဖုန်း သုံးလုံး၊  ၎င်းတို့ပိုင် ၅ဂ/ ---- ပါဂျဲရိုး  အစိမ်းရောင် လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီးတို့ အား ဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ငွေစက္ကူအတုများ လက်ဝယ် ထားရှိသူများ ဖြစ်သည့် အောင်ကျော်လှိုင် ၄၂ နှစ်(ဘ)ဦးတင်လှိုင်၊ မဘောမ်ဆွမ် ၄၃ နှစ် (ဘ) ဦးယော်ဘောမ် မြစ်ကြီးနား နေသူ နှစ်ဦးနှင့် ရန်ဟုန်စိန် ၃၇ နှစ် (ဘ)ဦးဝမ်ပန် ပေါင်၊ ကြောင်ကြားရှုတ် ၃ဝ နှစ် (ဘ) ဦးကြောင်ရှီရှောက် တရုတ်နိုင်ငံ ယူနန် မြို့နေသူ နှစ်ဦးအား အမှတ်(၁) ရဲတပ်ဖွဲ့ စခန်းမှ (ပ)၆၆/၂ဝ၁၃၊ ပုဒ်မ ၄၈၉-၈ အရ  အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။   
မြ၀တီ