Pages

Tuesday, May 28, 2013

လားရှိုးမြို့ မှာ အမျိုးသမီးတစ်ဦးအား ဓါတ်ဆီလောင်ပြီး မီးရှို့ သတ်ဖြတ်မှုကနေ ဆူပူမှု ဖြစ်ပွားနေ

 28-5-2013 နေ့ ည နေပိုင်းတွင် ရှမ်းတိုင်းရင်းသူ တစ်ဦးအား ဓာတ်ဆီ
လောင်းမီးရှို့ သတ် ရန် ကြိုးစားခဲ့ရာ ပြည်သူများက ဖမ်းဆီးပြီး ရဲလက်သို့ အပ်နှံ ခဲ့ ပါသည်။ မီးရှို့ ခံရသည့် အမျိုးသမီးမှာ ဆေးရုံတွင် ကုသမှု ခံယူနေရ ပါသည်။  ဓါတ်ပုံ - Baluu Gyi
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ်(၈)ရပ်ကွက်တွင် ယနေ့ ညနေ (၄)နာရီကျော်ခန့်က မွတ်ဆလင်အမျိုးသားတစ်ဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီး ကို ဓါတ်ဆီလောင်ပြီး မီးရှို့သတ်ဖြတ်မှု ဖြစ်ပွားခဲ့ ကြောင်း သိရပါတယ်။
 ဓာတ်ဆီပက်မီးရှို့ခံရသူ ဒေါ်အေးဝင်း 
အဆိုပါ ဖြစ်ရပ်ကြောင့် လားရှိုးမြို့ အမှတ်(၁) ရဲစခန်းရှေ့၌ မကျေနပ်သည့် ရာနှင့်ချီတဲ့ မြို့ခံ တွေက တရားခံကို ထုတ်ပေးရန် တောင်းဆိုလျှက်ရှိပါတယ်။

ယခုအချိန်မှာ ရဲစခန်းခြံတံခါးကို သံကြိုးများဖြင့် သော့ခတ်ပိတ်ထားကြောင်း သိရပြီး လားရှိုး တမြို့လုံးကိုလည်း လုံခြုံထူထပ်စွာ ချထားကြောင်း လားရှိုးမြို့ ခံတွေက Myanmar News Now ကို ပြောပါတယ်။


သစ်ထူးလွင်