Pages

Tuesday, May 28, 2013

မီးလောင်နေသောလားရိုးမြင်ကွင်း(ဗွီဒီယို)



လားရှိုးမြို့ နောက်ဆုံးအခြေအနေကို ယနေ့ည ၉း၃၀ နာရီ နှင့် နောက်ပိုင်း ၉း၄၅ အထိ လားရှိုးမြို့ခံများကို ဆက်သွယ်မေးမြန်းရသမျှမှာ လားရှိုးမြို့ကို စစ်တပ်နှင့် ရဲ တို့မှ အခြေအနေတည်ငြိမ်စေရန် ထိန်းသိမ်းနေပြီဖြစ်ကြောင်းနှင့် ယခု အချိန်အထိ ပလီတစ်လုံး နှင့် အစ္စလမ် စာသင်ကျောင်း တစ်ခု မီးလောင်ပျက်စီး၊ ဆိုင်ခန်း ၄ - ၅ခန်းခန့် မီးလောင်ဆဲ ၊ (အမျိုးသမီး မီးရှို့ခံရပြီးနောက်) လူသူထိခိုက်မှု မရှိသေး ဟု သိရပါသည်။
 ယခု ၉း ၅၀ နာရီအထိ မီးများလောင်ဆဲဟုလဲ သိရပါသည်။Ant Bwe Kyaw 29 minutes ago လားရှိုးမြို့မှ ယနေ့ည ၁၀း၃၀ နာရီ အထိ ရရှိသည့် သတင်းများအရ လားရှိုးမြို့ပေါ်တွင် အခြေအနေအနေတည်ငြိမ်နိုင်စေရန် စစ်တပ်နှင့် ရဲတို့က ထိန်းသိမ်းနေသော်လည်း ယခု ည ၁၀း ၃၀ တွင် လုံခြုံရေး အလှမ်းဝေးသည့် လားရှိုးမြို့၊ ရပ်ကွက် အမှတ် ၉ တွင် လူအင်အား ၂၀၀ ခန့်က အိမ်များကို ရိုက်နှက်ဖျက်စီးနေကြောင်း ကြားသိရပါသည်။
 အိမ် ၃ အိမ် ပျက်စီးပြီး ဆက်လက်ဖျက်စီးနေကြဆဲ ဟု ယနေ့ ည ၁၀း ၃၀ နာရီတွင် လားရှိုးမြို့မှ ဖုန်းသတင်း ကြားသိရပါသည်။Ant Bwe Kyaw 7 minutes ago လားရှိုးမြို့နှင့် ယခု ၁၀း ၅၀ နာရီဆက်သွယ် ရရှိမှုအရ နယ်မြေ ၂၊ ရပ်ကွက် ၉ သို့ စစ်တပ်နှင့် ရဲကားများ ရောက်ရှိလာပြီးနောက် ဖျက်ဆီးလှုပ်ရှားသူများ ရှောင်ထွက်သွားပြီး အခြေအနေအေးချမ်းစပြုဟန်ရှိသည်ဟု သိရပါသည်။