Pages

Tuesday, May 28, 2013

သရုပ်ဆောင် ရဲတိုက် Saint Mary's Cathedral ခရစ်ယာန် ဘုရားကျောင်းကိုဆန္ဒပြ(ရုပ်-သံ)

သရုပ်ဆောင် ရဲတိုက်သည် ယနေ့ (မေလ ၂၈) နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်ရှိ Saint Mary's Cathedral ခရစ်ယာန် ဘုရားကျောင်း ဘုရားဝင်ဖူးရာတွင် ပထမအကြိမ် ၀တ်ပြုရှိခိုးပြီး ဒုတိယအကြိမ်မြှောက် ထပ်မံ ၀င်ရောက်သည့်အခါတွင်... ယင်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက မသင်္ကာ၍ မောင်းထုတ် လိုက်သည့်အတွက် “ဘာသာမတူလျှင် ဖူးမျှော်ခွင့်၊ လေ့လာခွင့် မရှိဘူးလား” ဟု ဆိုကာ နေ့လည် ၁ နာရီ ၁၀ မိနစ်မှ စ၍ ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဆန္ဒပြပြီး ခဏအကြာတွင် သရုပ်ဆောင် ရဲတိုက်ကို တာဝန်ရှိ ရဲများက လာရောက် ထိန်းသိမ်း ခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။ (DVB)