Pages
▼
၈၈ မျိုးဆက် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်ခရီးစတင်
တရုတ်နိုင်ငံက ပွင့်လင်းစပြုလာတဲ့ မြန်မာနိုင်ငံအပေါ် ယခင်ကကဲ့သို့ အစိုးရချင်း ဆက်ဆံရေးသာ မလုပ်
တော့ပဲ အတိုက်အခံ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ စတဲ့ ပြည်သူချင်း ဆက်ဆံရေး လုပ်ဆောင်လာခဲ့ သည့် ဖြစ်စဉ်များ လုပ်ဆောင်နေပါတယ်။
ဓာတ်ပုံ- ၈၈ မျိုးဆက်
အခုဆိုရင် တရုတ်နိုင်ငံ၏ China-Myanmar
Friendship Association ရဲ့ ဖိတ်ကြားချက်နဲ့ ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးမြအေးနဲ့
ဦးထွန်းမြင့်အောင်၊ မမီမီလွင်၊ မစမ်းစမ်းမော် တို့ ၄ ဦး ဟာ တရုတ်နိုင်ငံ
သို့ လေ့လာရေး ခရီးအဖြစ် ယနေ့ မွန်လွဲပိုင်းက တရုတ်လေကြောင်းလိုင်းနဲ့
ရန်ကုန် က ထွက်ခွာ သွားကြပါတယ်။
ခရီးစဉ်အတွင်း ဦးမြအေးနဲ့ ၈၈
မျိုးဆက် များဟာ တရုတ်နိုင်ငံ ကူမင်းဒေသ ဆိုင်ရာ အစိုးရအဖွဲ့၊ တရုတ်
ကွန်မြူနစ်ပါတီအရာရှိကြီးများနှင့် တွေ့ဆုံကြမည်ဖြစ်ပြီး လာမယ့် ဇွန်လ ၁၁
ရက်နေ့တွင် ရန်ကုန်သို့ ပြန် လည် ရောက်ရှိမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်အဖွဲ့က
သတင်းထုတ်ပြန်ထားပါတယ်။
မကြာသေးမီကလည်း အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်ပြည်ကို ချစ်ကြည်ရေး
ခရီးစဉ်သွားရောက်ခဲ့ပြီး အခြားသော နိုင်ငံရေး ပါတီများကိုလည်း အလားတူ
တရုတ်နိုင်ငံက ဖိတ်ကြားခဲ့ပါသေးတယ်။
ဧရာဝတီ