လမ်းခုလတ်မှာပဲ လွမ်းသူပန်းခွေချခဲ့ရ၊ ဓာတ်ပုံ- ၈၈ မျိုးဆက်
ယမန်နေ့က ကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ နေ့လယ် ၂ နာရီက ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နဲ့ ပွင်လင်းလူ့အဖွဲ့အစည်း) က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ ဦးဆောင်ပြီး ၈၈ မျိုးဆက်တွေ၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အခမ်းအနား ကျင်းပရေး ကော်မတီဝင်တွေ၊ ကျောင်းသားသမဂ္ဂတွေ
ဖြစ်တဲ့ ဗ.က.သ၊ တ.က.သ၊ မ.က.သ အဖွဲ့ဝင်ကျောင်းသားတွေစုပေါင်းပြီး ရွှေဂုံတိုင် ယုဇန ဟိုတယ်ရှေ့က စတင်ပြီး အာဇာနည်ဗိမာန်ကို သွားရောက် ချီတက်အလေးပြုကြတာပါ။
အိမ့်သံစဉ် ~ဧရာဝတီ