ထိုတစ်နေ့ရောက်တိုင်း...ဒေါ်မေလှမြိုင်၏ အာဇာနည်နေ့
တေးသီချင်းသည် ရင်နင့်အောင်ခံစားရပါ၏။ လွန်ခဲ့သော နှစ်၅၀
လူမှန်းသိတတ်စကပင် ဖေဖေ၏ပြောပြချက်များကြောင့် ဗိုလ်ချုပ်
အကြောင်းကို အတော်စေ့စုံစွာသိခဲ့ရပါသည်။ ဗိုလ်ချုပ်ကျဆုံး
ပြီး ၁၀နှစ်တိတိ အကြာတွင် ကျွန်တော် မွေးဖွားခဲ့သည်။
နှစ်စဉ်လိုလို ၁၉ ၊ဇူလိုင်ရောက်တိုင်း နှစ်လရာသီအခါခါပြောင်း
ပေမဲ့ သီချင်းကြားရလေတိုင်းရင်တွင်းဆို့ဆို့နင့်နင့်ခံစားရ၏၊
ငယ်စဉ်ကမျက်ရီကျရ၏၊
လူငယ်ဘဝရောက်တော့ ဗိုလ်ချုပ်မိန့်ခွန်းနှင့်လုပ်ရပ်များလွဲချော်လွန်း
သည်ကိုတွေ့ မြင်ရ၍ မျက်ရီဝဲ အံကြိတ်ခဲ့ရ၏။
လူလတ်ပိုင်းရောက်တော့ ဒီနေ့ရောက်တိုင်း အုပ်ချုပ်သူများ၏
လုပ်ရပ်ကိုကြည့်၍ အံ့သြရွံရှာခဲ့ရ၏ တို့ခေတ်ကိုတော့ရောက်
ရမည်မလွဲဟု အားမာန်တင်းနေခဲ့၏။
အခုလူကြီးပိုင်းရောက်ပြီ၊ အာဇာနည်မျိုးဆက်မှလက်ဆင့်ကမ်းကာ
ပြည်သူတို့၏ဘဝအမောကို ပြေပျောက်စေဖို့ ပြောပြမနိုင်လောက်
အောင်အားထုတ်ကြိုးပမ်းနေ၏။
ခေတ်တဖြေးဖြေးချင်းပြောင်းနေပေပြီ။ အုပ်ချုပ်သူများသည် သူ့ကို
လေးစားနေရမည်၊ မထီမဲ့မြင်မလုပ်သင့်၊ နိုင်ငံအတွက်အသက်ပေး
သွားသူများကို ဂါရဝပြု၍ အသက်အန္တရာယ်ရှိသည်ဆိုအုန်း လုပ်ကို
လုပ်ရမည်ဟုယုံကြည်၏။
ပြည်သူများသည်ကား ဒီနေ့ရောက်တိုင်း တုတ်ကိုလည်းမမှု၊အချုပ်ကို
လည်းမမှုဘဲ ရဲဝံ့မှုကိုပြသခဲ့ပြီးဖြစ်၏။
သန်းဝင်းသူ(ဆန်းချီ)
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago