Headlines News :
Home » » တရုတ်နိုင်ငံ အရှေ့ပိုင်းသို့ လက်ကီမာတိုင်ဖွန်း မုန်တိုင်း ဝင်ရောက်ပြီးနောက် မြေပြိုမှုဖြစ်ပွားရာ လူ ၁၈ ဦးသေဆုံးပြီး များစွာပျောက်ဆုံးနေေ

တရုတ်နိုင်ငံ အရှေ့ပိုင်းသို့ လက်ကီမာတိုင်ဖွန်း မုန်တိုင်း ဝင်ရောက်ပြီးနောက် မြေပြိုမှုဖြစ်ပွားရာ လူ ၁၈ ဦးသေဆုံးပြီး များစွာပျောက်ဆုံးနေေ

Written By Live100 on Sunday, August 11, 2019 | 11:21 PM

သြဂုတ် ၁ဝ ရက်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်းသို့ လက်ကီမာတိုင်ဖွန်း မုန်တိုင်း ဝင်ရောက်ပြီးနောက် မြေပြိုမှုဖြစ်ပွားရာ လူ ၁၈ ဦးသေဆုံးပြီး များစွာပျောက်ဆုံးနေကြောင်း နိုင်ငံပိုင် သတင်းဌာန
တစ်ခုက ထုတ်ပြန်သည်။
ကမ်းရိုးတန်းမြို့ဖြစ်သည့် ဝမ်ကျိုးမြို့ရှိ ရေလှောင်တမံတစ်ခု ပျက်စီးပြီးနောက် မြေပြိုမှုဖြစ်ပွားခြင်း ဖြစ်သည်။ မုန်တိုင်းသည် ကျဲ့ကျန်းပြည်နယ်သို့ သြဂုတ် ၁ဝ ရက်အစောပိုင်းတွင် တစ်နာရီလျှင် ၁၈၇ မိုင်နှုန်းဖြင့် ဝင်ရောက် တိုက် ခတ်ခြင်းဖြစ်ပြီး မုန်တိုင်းကြောင့် ဒေသခံပြည်သူ တစ်သန်းကျော် ဘေးလွတ်ရာသို့ရွှေ့ပြောင်း ရသည့်အပြင် လေယာဉ်ခရီးစဉ်ရာပေါင်း များစွာကို ဖျက်သိမ်းလိုက်ရသည်။

မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ လိမ္မော်ရောင်အဆင့် သတိပေးချက်ကို တာဝန်ရှိသူများက ထုတ်ပြန်ထား သည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျဲ့ကျန်းပြည်နယ်ရှိ အိမ်ခြေ ၂ဝဝ ခန့်ပြိုကျသွားပြီး စိုက်ပျိုးမြေ ဟက်တာ ၆၆၃ဝဝ ခန့်ပျက်စီးသွားကြောင်း သိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template