Home »
ဆက်သွယ်ရေး
» Samsung ၏ Galaxy Tab 3 မှာ ၈ လက်မ အရွယ်အစားရှိမည်ဖြစ်ကြောင်း သတင်းထွက်
Samsung ၏ Galaxy Tab 3 မှာ ၈ လက်မ အရွယ်အစားရှိမည်ဖြစ်ကြောင်း သတင်းထွက်
Samsung မှ ထုတ်လုပ်လျှက်ရှိသည့် Tablet စီးရီးဖြစ်သော Galaxy Tab များ၏
အသစ်ထွက် စီးရီးဖြစ်လာနိုင်သည့် Galaxy Tab 3 မှာ အရွယ်အစား ၈
လက်မရှိနိုင်ကြောင်း SamMobile ၌ ဖော်ပြခဲ့သည်။ ယခင် အချိန်များတွင် Galaxy
Tab 3 ၏ အရွယ်အစားအား ၇ လက်မရှိနိုင်ကြောင်း သတင်းထွက်ပေါ်ခဲ့ဘူးပြီး
မျက်နှာပြင် resolution မှာ 1024x600 ရှိမည်ဟု သိခဲ့ရသည်။
လက်ရှိအချိန်တွင် Samsung မှ ၈ လက်မအရွယ်အစားရှိ Note 8.0 ခေါ် ဖုန်းနှင့်
Tablet ၂ မျိုးလုံးအသုံးပြုနိုင်သည့် ပစ္စည်းကိုထုတ်လုပ် ထားပြီးဖြစ်သည်။
SamMobile မှ သုံးသပ်ချက်များအရ Tab3 ၏ အရွယ်အစားမှာ ၇ လက်မရှိမည်ဖြစ်ကာ
1.5 GHz dual-core processor နှင့် 5 နှင့် 1.5 megapixel ကင်မရာများ
ပါဝင်မည်ဖြစ်ပြီး WiFi နှင့် 3G ဗားရှင်းများလည်းရှိကြောင်း သိရသည်။
Smart Journal