Headlines News :
Home » » ဘင်္ဂါလီဒုက္ခသည်အချို့ မုန်တိုင်းရှောင်ရန် ငြင်းဆို

ဘင်္ဂါလီဒုက္ခသည်အချို့ မုန်တိုင်းရှောင်ရန် ငြင်းဆို

Written By လွင့်မောင်မောင် on Wednesday, May 15, 2013 | 8:13 PM


 ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
 ရန်ကုန်၊ မေ- ၁၄

ဘင်္ဂါလီဒုက္ခသည်စခန်းများကို မုန်တိုင်းအန္တရာယ်ကင်းရာဘေးလွတ်ရာသို့ ယနေ့ရွှေ့ပြောင်းပေးရာတွင် အချို့စခန်းများမှာ ရွှေ့ပြောင်းရန်ငြင်းဆိုခဲ့ကြောင်း
သတင်းရရှိသည်။

စစ်တွေမြို့နယ် သဲချောင်းတစ်ဝိုက်ရှိ မိမိအစီအစဉ်ဖြင့် နေထိုင်ကြသော ဘင်္ဂါလီဒုက္ခသည်စခန်းများကို ပုလင်ပြင်ကျေးရွာ ဇုန်တောကြီးကယ်ဆယ်ရေးစခန်းတွင်
ဆောက်လုပ်ထားသော တဲတန်းလျားကြီးများသို့ ရွှေ့ပြောင်းရာအချို့မှာ ငြင်းဆိုခဲ့ပြီး မည်သည့်အတွက်ကြောင့် မရွှေ့ပြောင်းနိုင်သည်ကို တိကျစွာပြောဆိုနိုင်
ခြင်းလည်း မရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

“စခန်းက ခေါင်းဆောင်တချို့ကို အုန်းတောကြီးကယ်ဆယ်ရေးစခန်းအခြေအနေကို ခေါ်ပြပြီးတော့ ရွှေ့ပြောင်းခိုင်းတယ်။ ပထမတော့ သဘောတူပြီးမှ မန်စီ
စခန်းကလူတွေက မပြောင်းနိုင်ဘူးလို့ပြောတယ်။ ဘာကြောင့်လဲဆိုရင်လည်း ရေရေရာရာမပြော နိုင်ကြဘူး”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများသည် အဆိုပါ မန်စီဒုက္ခသည်စခန်းသို့ လာရောက်ကြည့်ရှုသွားပြီး တာဝန်ရှိသူများ ဒုက္ခသည်စခန်းများမှ
တာဝန်ခံများနှင့် အရေးပေါ်အစည်းအဝေးတစ်ခုကို ယနေ့ညပိုင်း တွင် ပြုလုပ်ခဲ့သည်။ စခန်းများရွှေ့ပြောင်းရန်အစီအစဉ်ကို ယာယီရပ်တန့်ထားကြောင်း နောက်
ဆုံးသတင်းရရှိသည်။

7Day News Journa
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template