Home »
မိုးလေ၀သ
» ဦးထွန်းလွင်ပြောတဲ့ Mahasen မုန်တိုင်းရဲ့ ပြည်တော်ဝင်ခရီး(၂)
ဦးထွန်းလွင်ပြောတဲ့ Mahasen မုန်တိုင်းရဲ့ ပြည်တော်ဝင်ခရီး(၂)
(၁၆-၅-၂၀၁၃)ရက် နေ့(၁း၁၇)နာရီအခချိန်။
Mahasen ဆိုင်ကလုန်းမုန်တိုင်းဟာ ကြိုခန့်မှန်းထားတဲ့အတိုင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဒီကနေ့ မနက်ပိုငကတည်းက စတင်ဝင်ရောက်နေပြီး၊
မုန်တိုငးရဲ့ ဗဟိုချက်ကတော့ ညနေပိုငးမှာ စစ်တကောင်းမြို့အနီးက ဖြတ်ကျော်ဝင်ရောက်တော့မှာဖြစ်ပါတယ်။ ဒီထက်လည်းစော ၀င်ရောက်နိုင်ပါတယ်။
(၁) မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်ရဲ့ မြောက်ဖက်ကမ်းခြေ(အိန္ဒိယနိုင်ငံ
အရှေ့မြောက်ပိုင်းကမ်းခြေ)အနီးကပ်ခါ အရှေ့မြောက်ဖက်ကိုရွေ့နေတာကြောင့်
မုန်တိုင်းရဲ့ အ၀န်းအ၀ို်င်း (periphery) ဟာ ကုန်းတစ်ရေတစ်ဝက်
ဖြစ်နေပါတယ်။
(၂) ဒါဟာ မုန်တိုင်းဗဟို ကမ်းကို မဖြတ်သေးသော်လည်း မုန်တိုင်းစက်ကွင်းကတော့ စတင်ဖြတ်နေပြီဖြစ်ပါတယ်။
(၃) မုန်တိုင်းဟာ အရှေ့မြောက်ဖက်ကို ရွေ့လျှားရင်း ဘင်္ဂးဒေံရှ်နိုင်ငံအတွင်းကို အနောက်တောင်ဖက်အပိုင်းမှ စတင်ဝင်ရောက်မှာဖြစ်ပါတယ်။
(၄)ဗဟိုချက်ကတော့ ည နေပိုငးမှာ ဘင်္ဂလားဒေ့ရှင်္နိုင်ငံကမ်းခြေကို
စစ်တကောင်းမြို့ အနီးက ဖြတ်ပါလိမ့်မယ်။ ဗဟိုချက်အနီးမှာ လေတိုက်နှုန်း
တစ်နာရီ မိုင(၆၀) နဲ့ လေပုန်း တစ်နာရီ(၇၅)မိုင်နှုန်း တိုက်ခတ်နိုင်ပါတယ်။
(၅) မုန်တိုငးရဲ့ အချင်းဝက်အကျယ်အ၀န်းဟာ မိုင်(၇၀-၈၀)အထိ
ရှိနိုင်တဲ့အတွက် မောင်တော ဟာ မုန်တိုင်းစက်ကွင်းအတွင်း
ကျရောက်နိုင်ပါတယ်။
ဒါပေမယ့် အစွန်အဖျားပိုင်းမှာ ဖြစ်မှာမို့ လေတိုက်နှုန်း တစ်နာရီ ၄၀-၅၀ မိုင်နှုန်းသာ အများဆုံး ရှိနိုင်ပါတယ်။
(၉) လက်ရှိခန့်မှန်းလေတိုက်နှုန်းအရ မုန်တိုင်းဒီရေ ၁ ပေခန့်သာ တက်နိုင်ပါတယ်။
(၁၀) ပင်လယ်ရေလှိုင်းအမြင့် ဗဟိုချက်အနီးမှာ ၁၂ ပေခန့်ရှိနိုင်ပါတယ်။
မြန်မာ့ရေပိုင်နက် အတွင်းမျာ လှိုင်းအမြင့် ၅ ပေမှ ၇ ပေခန့်သာ
အများဆုံးရှိနိုင်ပါတယ်။
(၁၁) မုန်တိုင်းရဲ့ အပြင်ဖက်မှာ ခရုပတ်တိမ်(Spiral Band) ဖြစ်နေတဲ့အတွက် ရခိုင်ပြည်နယ်၊
မကွးတိုင်း၊ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းတို့မှာ ယနေ့နေ့လည်မှ နောက်(၂၄)နာရီ အတွင်း နေရာစိပ်စိပ် မိုးရွာနိုင်ပါတယ်။
ဒေါ်က်တာထွန်းလွင် (MCCW)