Headlines News :
Home » » ပတ်စ်ပို့အတု၊ ဗီဇာအတုဖြင့် မြန်မာမှ မူဆလင် လူငယ် ၃ ဦး ဒက္ကားလေဆိပ်တွင် ထပ်မံ ဖမ်းဆီးခံရ

ပတ်စ်ပို့အတု၊ ဗီဇာအတုဖြင့် မြန်မာမှ မူဆလင် လူငယ် ၃ ဦး ဒက္ကားလေဆိပ်တွင် ထပ်မံ ဖမ်းဆီးခံရ

Written By လွင့်မောင်မောင် on Tuesday, May 14, 2013 | 8:04 PM

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှဟု ပြောသော မူဆလင် လူငယ် ၃ ဦးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကား Shahjalal လေဆိပ်တွင် ပတ်စ်ပို့အတု၊ ဗီဇာအတုဖြင့် ယမန်နေ့က ဖမ်းဆီးခဲ့သည်ဟု ဘင်္ဂလာရဲအဖွဲ့က မီဒီယာများသို့ ပြောသည်။
Shahjalal-International-Airport
ဖမ်းဆီးခံရသူများမှာ မူဟာမတ် ဖါရုဒ် (၂၀) နှစ်၊ ဆာဒီယာ ခါတွန် (၂၁) နှစ်နှင့် အာဖါဆာနာ အက်သာ (၁၉) နှစ်တို့  ဖြစ်ကြသည်။
သူတို့အထဲမှ မူဟာမတ် ဖါရုဒ် မှာ ဆော်ဒီအရေးဗီးယားနိုင်ငံသို့ သွားရန် ဖြစ်ပြီး ဆာဒီယာ ခါတွန် နှင့် အာဖါဆာနာ အက်သာတို့မှာ ထိုင်းနိုင်ငံသို့ သွားကြမည်ဟု ဆိုသည်။
ဘင်္ဂလာရဲအဖွဲ့ ထုတ်ဖေါ်ပြောကြားချက်အရ မူဟာမတ် ဖါရုဒ်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံ နာဆိန်းဒီ ခရိုင်မှ ဆာဖိအူဒင်း အမည်ဖြင့် ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ကို ကိုင်ဆောင်ထားပြီး ဆာဒီယာ ခါတွန် နှင့် အာဖါဆာနာ အက်သာတို့မှာ ဆီရာဂျီ ဂန်ဂျီ ( Sirajganj) ခရိုင်မှ ချာကီလ ချော်ဒရီ နှင့် ကပ်စ်ဖီယာ ချော်ဒူရီ နာမည်များဖြင့် ပတ်စ်ပို့ကိုင်ဆောင်ထားကြသည်ဟု သိရသည်။
သူတို့ (၃) ဦးအား လေယာဉ်ပေါ်သို့ မတက်မှီ လေဆိပ် အတွင်းရှိ ခရီးသည် နားနေဆောင်တွင် လေဆိပ် ရဲအဖွဲ့မှ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template