
ဧရာဝတီ
အမေရိကန်အခြေစိုက် US Campaign for Burma အဖွဲ့က ဦးစီးပြီး ဝါရှင်တန်သို့ တနင်္လာနေ့တွင် ရောက်ရှိလာမည့် မြန်မာသမ္မတ ဦးသိန်းစိန်ကို ကန့်ကွက်ဆန္ဒပြရန် စီစဉ်နေသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများအတွက် မည်သို့မျှ စုံစမ်းဖော်ထုတ်မှု မပြုသည့်အတွက်ဟု ထုတ်ပြန်ကြေညာချက်က ဆိုသည်။ တနင်္ဂနွေ ညနေ ၄ နာရီတွင် ရုံး၊ တနင်္လာနေ့ မနက် ၁၀ နာရီတွင် အိမ်ဖြူတော်၊ ညနေ ၃ နာရီတွင် ဂျွန်ဟော့ပ်စကင်း တက္ကသိုလ်၊ ညနေ ၅ နာရီတွင် အမေရိကန် ကုန်သည်ကြီးများရုံးတို့တွင် ဆန္ဒပြကြမည်ဟု သိရသည်။
The Irrawadd