Home »
မိုးလေ၀သ
» မုန်တိုင်း MAHASEN နဲ့ပတ်သက်လို့ အကြံပြုချက်...(ဦးထွန်းလွင်)
မုန်တိုင်း MAHASEN နဲ့ပတ်သက်လို့ အကြံပြုချက်...(ဦးထွန်းလွင်)
မုန်တိုင်း MAHASEN နဲ့ပတ်သက်လို့ အကြံပြုချက်...
(၁၅-၅-၂၀၁၃)
နံနက် ၅း၄၅ နာရီအချိန်
လက်ရှိအခြေအနေအရ ပင်လယ်ပြင်ဟာ အန္တရာယ်အကြီးဆုံးဖြစ်နေပါတယ်။ ဒါကြောင့် (၁၆-၅-၂၀၁၃) ရက်နေ့ကစပြီး မြန်မာ့ရေပိုငနက်ပင်လယ်ပြင်အတွင်း
ငါးဖမ်းရေယာဉ်တွေ၊ ကုန်သွယ်ကူးသန်းရေယာဉ်တွေဟာ လေပြင်း နဲ့
လှိုင်းအန္တရာယ်ကို အထူးသတိထား သွားလာမောင်းနှင် ကြဖို့လိုပါတယ်။
အရွယ်အစားငယ်တဲ့ ရေယာဉ်များဟာ ကမ်းမှဝေးရာကို သွားခြင်းမှ ရှောင်ရှားကြဖို့
အလွန်အရေးကြီးပါတယ်။ ကုန်းပေါ်ကို လေတိုက်နှုန်း တစ်နာရီ မိုင် ၈၀ မှ မိုင်
၁၀၀နှုန်းလောက် ရှိတဲ့လေဟာ မုန်တိုင်းဒီရေ ၃ ပေမှ ၅ ပေခန့်သာတက်နိုင်ပါတယ်။
တကယ်လို့ အမုန်တိုင်းအ၀င်မှာ အပြောင်းအလဲ ဖြစ်လို့ လေတိုက်နှုန်းဟာ
ရုတ်တရက် တစ်နာရီ မိုင်(၁၂၀)အထိ ဖြစ်သွားတာနဲ့ မုန်တိုင်းဒီရေအမြင့်ဟ
(၁၂)ပေလောက်ဖြစ်သွားပါ့်မယ်။ အလွန် အန္တရာယ်ကြီးပါတယ်။ ဒါကြောင့်
မုန်တိုင်းသတင်းကို အမြဲနားထောင်ဖို့လိုပါတယ်။
နတ်မြစ်အတွင်းပိုင်းမှာ ရုတ်တရက်ရေကြီးနိုင်တယ်ဆိုတာကိုလည်း ဒေသခံများ မမေ့ကြဖို့ လိုပါတယ်။
ဒေါက်တာထွန်းလွင် (MCCW)
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး သဘာဘေးများမှ ကင်းဝေးနိုင်ကြပါစေ။