Headlines News :
Home » » မုန်တိုင်းကြောင့် ပေါက်တော၊ မင်းပြားနှင့် ကျောက်ဖြူမြို့ပေါ်သို့ ထောင်နှင့်ချီသော ဒေသခံများ ခိုလုံရောက်ရှိ

မုန်တိုင်းကြောင့် ပေါက်တော၊ မင်းပြားနှင့် ကျောက်ဖြူမြို့ပေါ်သို့ ထောင်နှင့်ချီသော ဒေသခံများ ခိုလုံရောက်ရှိ

Written By လွင့်မောင်မောင် on Thursday, May 16, 2013 | 10:47 AM

ရခိုင်ပြည်နယ် ပေါက်တော၊ မင်းပြားနှင့် ကျောက်ဖြူမြို့ပေါ်သို့ ကျေးလက်ဒေသ မြေနိမ့်ပိုင်း ကျေးရွာများမှ ထောင်နှင့် ချီသော ဒေသခံများ ခိုလုံရန် ရောက်ရှိနေကြသည်ဟု သတင်း ရရှိသည်။
မုန်တိုင်းခိုလှုံရန် စစ်တွေမြို့သို့ ရောက်ရှိလာသူများ (ဓါတ်ပုံ) ကိုတူတူချေ ဖေ့စ်ဘုတ်
မုန်တိုင်းခိုလှုံရန် စစ်တွေမြို့သို့ ရောက်ရှိလာသူများ
(ဓါတ်ပုံ) ကိုတူတူချေ ဖေ့စ်ဘုတ်

ပေါက်တောမြို့ပေါ်သို့ လူပေါင်း ၃၀၀၀ ကျော် ရောက်ရှိနေပြီး သူတို့အား ပေါက်တောာမြို့မ ဘုန်းတော်ကြီးကျောင်း၊ သာသနာ့ဗိမာန် ကျောင်းနှင့် ပေါက်တော အခြေခံ မူလတန်းကျောင်းတွင် နေရာချထားပေးသည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ပေါက်တောမြို့နယ်ရုံးမှာ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကိုကျော်ကျော်ခိုင်က ပြောသည်။
ယခု ခိုလုံရန် ရောက်ရှိလာကြသူများမှာ အလယ်ကျွန်း၊ ပုဏ္ဍားကြီး၊ ပုဏ္ဍားချေ၊ ဆင်ပိုက်၊ ပြင်ခေါင်၊ ကံချောင်း၊ ချောင်းတော်ကြီး၊ စားကျက်၊ ကျင်းပလေ၊ သစ်ပုတ် စသည့် ကျေးရွာများမှ ဖြစ်ကြောင်း သူက ပြောသည်။
“ စားရေးသောက်ရေးကို တာဝန်ယူတဲ့ အဖွဲ့အစည်းတွေ မရှိဘူး။ မြို့ပေါ်က စေတနာရှင်တွေက ကူညီနေတာတွေဘဲ ရှိပါတယ်။ အာဏာပိုင်တွေဘက်ကတော့ စာရင်းလာကောက်တာတော့ ရှိနေပါတယ်” ဟု သူက ဆိုသည်။
အလားတူ မင်းပြားမြို့ပေါ်သို့လည်း ကျေးလက်တောရွာများမှ ထောင်နှင့် ချီသော ပြည်သူများ တက်ရောက် ခိုလုံနေကြသည်ဟု မင်းပြားမြို့ပေါ်မှ ကယ်ဆယ်ရေး လုပ်နေသူ  အရာရှိ တစ်ဦးက ပြောသည်။
လက်ရှိ  ပြောင်းရွေ့လာကြသည့်ကျေးရွာသားများမှာ ကျွဲတက်၊ အိုင်ဝန်း၊ မညင်းပြင်၊ ခေါင်းလောင်း ချောင်းနှင့် ကျောက်ခေါင်းစသည့် ကျေးရွာများမှ ဖြစ်ကြောင်း သိရသည်။
သူတို့အာား မြို့တော်ခန်းမ၊ ဓမ္မာရုံကြီးနှင့် တောင်ကျောင်း ဘုန်းတော်ကြီး ကျောင်းများတွင် နေရာ ချပေးထားသည်။
မင်းပြားမြို့နှင့် အလှမ်းဝေးသည့် ကြပ်စင်တောင်ရှိ ကျေးရွားများသို့လည်း ပင်လယ်ကမ်းခြေနှင့် နီးသည့် ဒေသများမှ လူပေါင်း ၃၆၀၀ ကျော် ခိုလုံရန် ရောက်ရှိနေသည်ဟု  သူက ပြောသည်။
ထိုသို့ ရောက်ရှိနေကြသူများမှာ  ကျောက်ခေါင်းရွာတွင် ၄၈၉ဦး၊ သာယာ ကုန်းရွားမှာ ၁၆၀ဦး၊ ညောင်းချောင်းရွာတွင် ၅၅၆ဦး၊ စာအင်းရွာသစ် ၁၁၄ဦး၊ စားအင်းရွာဟောင်း ၁၁၉ဦး၊ ရန်တိုင်ရွာတွင် ၄၅၆ဦး၊ လေးတောင်ရွာမှာ ၁၅ ဦး၊ သစ်ပုတ်တောင်မှာ ၄၀၁ ဦး၊ တောင်ချေရွာ ၅၄ ဦး၊ ကိုင်းကျွန်း ၁၃ ဦးတို့ ဖြစ်သည်။
စုစုပေါင်း အရေအတွက်မှာ  ၃၈၈၄ ယောက်ရှိပြီး စားတပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သူက ပြောသည်။
“  သူတို့အတွက် မနေ့ကတော့ မြို့က စေတနာရှင် တွေနဲ့ အဖွဲ့အစည်းတွေကလှူတဲ့ ဆန်အိပ် ၂၅ ပို့ထားပါတယ်။ ဒီနေ့မနက်ကလည်း ဆန် ၂၅ အိပ် ပို့ထား တာရှိပါတယ်” ဟု ဆိုသည်။
၎င်းပြင် မုန်တိုင်း အန္တရာယ်ကို စိုးရိမ်သဖြင့် ကျွဲတက်ရွာဘက်မှ ရွာသားတချို့ မင်းပြားမြို့ပေါ်ကို တက်လာနေကြောင်း သူကပြောသည်။
အလားတူ စစ်တွေမြို့နယ် ကျေးတောရွာဘက်မှ ရွာသားတချို့မှာလည်း စစ်တွေမြို့ အာဂျိတ် တော်ကုန်းကို ပြောင်းရွေ့နေကြပြီး ပလ္လင်ပြင်ဘက်မှ ကျေးရွာသားများလည်း အာဂျိတ်တော်ကုန်းရှိ အဓိဌာန် ဘုန်းတော်ကြီး ကျောင်းတွင် ရောက်ရှိနေကြောင်း သိရသည်။
၂၀၁၀ ခုနှစ် ဂီရိမုန်တိုင်းဒဏ်ကို အဓိက ခံခဲ့ရသည့် မြေပုံမြို့နယ် ကျွန်းသာယာမှ ရွာသားများမှာလည်း ရွာထဲမှဘက်သို့ ပြောင်းရွှေ့ခဲ့ကြသည်ဟု  ဒေသခံ အမျိုးသမီးတစ်ဦးက  ပြောသည်။
“ အခုတော့ လေနည်းနည်းတိုက်နေပါတယ်။ ပစ္စည်းတွေကိုလည်း လွတ်ကင်းနိုင်တဲ့နေရာတွေကို ပြောင်းနေ ပါ တယ်။ မြစ်နဲ့နီးတဲ့ရွာတွေက လူတွေကိုလည်း နွားလှည်းတွေနဲ့တင်ပြီး ရွာထဲဘက်ကို ပြောင်းနေကြပါတယ်။ အားလုံး ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြောင်းနေကြတာ့ပါ ကယ်ဆယ်ရေးအဖွဲ့တို့ အစိုးရဌာနဆိုင် ရာတို့တော့ အခုထိ ရောက်တာမတွေ့ရသေးဘူး။”
မောင်တောမြို့တွင်လည်း မြေနိမ့်ပိုင်း ကျေးရွာသားများမှ လူများကို ယမန်နေ့နံနက်က စပြီး ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ရန်အတွက် ရဟတ်ယာဉ် တစ်စီး ယမန်နေ့ မွန်းလည်းပိုင်းကတည်းက ရောက်ရှိနေကြောင်း မြို့ခံများက ပြောသည်။
ကျောက်ဖြူမြို့တွင်လည်း ပြင်ဖြူမော်ကျေးရွာမှ ကလေးငယ်များနှင့် သက်ကြီးရွယ်အို ၂၀၀ ကျော်ကို မူလာရာမ ဘုန်းကြီးကျောင်းသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောင်းရွှေ့ပေးခဲ့သည်ဟု ဦးသန္တာမောင်က ပြောသည်။
မောင်အေး(နိရဉ္စရာ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template