Home »
မိုးလေ၀သ
» မုန်တိုင်း MAHASEN လမ်းကြောင်းပြောင်းပြီး ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းသို့ ဝင်သွားပြီ
မုန်တိုင်း MAHASEN လမ်းကြောင်းပြောင်းပြီး ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းသို့ ဝင်သွားပြီ
မုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ဘက် ကမ်းခြေအား Barisal
Division – Barisal မြို့ တောင်ဘက် ၆၂ မိုင်ခန့်အကွာ ကမ်းခြေအား ဖြတ်ကျော်၍
ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ပြီ ဖြစ်ကြောင်း JTWC နှင့် NRL data update များအရ သိရပါသည်။
ယနေ့ နံနက် ၉ နာရီနောက်ပိုင်းက မူလခန့်မှန်းလမ်းကြောင်းမှ မြောက်ဘက် ၆၈
မိုင်ခန့်သို့ ပြောင်းလဲရွေ့လျားပြီး ကုန်းတွင်းသို့ ဝင်ရောက်သွားခဲ့ကာ
ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိနေပါသည်။ နောက်ဆုံးရရှိသည့်
အချက်အလက်များအရ ကုန်းတွင်းမုန်တိုင်း MAHASEN သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဒါကာမြို့ အရှေ့တောင်ဘက် မိုင် ၆ဝ ခန့် ကုန်းတွင်း၌ တည်ရှိနေပြီး မကြာမီ
လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိကာ အားပျော့ပျက်ပြယ်သွားတော့မည်ဟု
သိရပါသည်။
01B MAHASEN ၏ နောက်ဆုံးရ အချက်အလက်များနှင့် တည်နေရာ
16 May 2013 0600Z
Location: 23.0 91.0
Winds: 45 knots
Central Pressure: 989 hPa