
မဟာစင်မုန်တိုင်းသည် ယခုအခါ ဘင်္ဂလားဒေ့ရှ်ကမ်းခြေနှင့် မောင်တောကမ်းခြေကို စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း မိုးဇလမှ သတင်းထုတ်ပြန်သည်။
မဟာစင်မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နေပြီဖြစ်ပြီး မုန်တိုင်း၏ ရှေ့ပြေး အဖြစ် မောင်တောမြို့နယ်ကမ်းခြေတွင် မိုးရွာသွန်းပြီး လေပြင်းအနည်းငယ်တိုက်ကာ မုန်တိုင်းဒီရေစတင်တက်နေပြီ ဖြစ်ကြောင်း မိုး/ဇလမှ သတင်းရရှိသည်။
မောင်တောကမ်းခြေသို့ မုန်တိုင်းဝင်ရောက်စဉ် လေတိုက်နှုန်း တစ်နာရိမိုင် ၆၀ မှ ၇၀ ခန့်တိုက်ခတ်နေပြီး မုန်တိုင်းကြောင့် ဒီရေလှိုင်းအန္တရာယ် သတိထားသင့်ကြောင်း မိုး/ဇလ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။
၆ နာရီအတွင်း မုန်တိုင်းသည် ကမ်းခြေဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းသို့ တစ်နာရီလျှင် လေတိုက်နှုန်း ၆၀ ၊ ၇၀ မိုင်နှုန်းဖြင့် ၀င်ရောက်နိုင်ကြောင်း ဦးချစ်ကျော်က မွန်းလွှဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပြောသည်။
ထို့ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်များတွင် လျပ်တပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် မြစ်ကမ်းပါးအနီးနေထိုင်သူများနှင့် တောင်ကုန်းတောင်စောင်းများတွင် နေထိုင်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် ၄င်းက အကြံပြုသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မောင်တောမြို့သည် မုန်တိုင်းစက်ကွင်းအတွင်း ကျရောက်နေသော်လည်း အစွန်ပိုင်းတွင်ဖြစ်သည့်အတွက် အများဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ မှ ၅၀ အတွင်းသာ တိုက်ခတ်နိုင်ကြောင်း ဒေါက်တာထွန်းလွင် ခန့်မှန်း (မေ ၁၆ ရက် မွန်းလွဲ ၁း၁၇ နာရီ)