လက်ရှိအန်အယ်လ်ဒီ အစိုးရလက်ထက် မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ ယခင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်ကထက် ဆုတ်ယုတ်သွားတယ်လို့ Pen Myanmar အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၁၄ ဖွဲ့ရဲ့ ပူးတွဲအစီရင်ခံစာမှာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်အခြေအနေ အကဲဖြတ်ခြင်း အစီရင်ခံစာကို မေ ၂ ရက်နေ့က ရန်ကုန်မြို့ Pen Myanmae ရုံးမှာ ထုတ်ပြန်ခဲ့ပြီး ဒီအစီရင်ခံစာဟာ အစိုးရသစ် ၁ နှစ်တာ ကာလအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။
ပူးတွဲ ၁၄ ဖွဲ့ထဲမှာ ပါဝင်တဲ့ Burma News International ရဲ့ အကြံပေး ဦးဇင်လင်းက “လက်ရှိအစိုးရလက်ထက်မှာ မီဒီယာသမားတွေ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆို အရေးယူခံရယူက ၆၀ ကျော်ထိ ရှိတယ်။ ဒါဟာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်မှာ အဆိုးဆုံး ကြုံရတာပဲ။ ဒီအခြေနေအရ ဦးသိန်းစိန် အစိုးရလက်ထက်ကထက်ကို ဆုတ်ယုတ်သွား တာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီလို အစီရင်ခံစာတွေကို နှစ်စဉ် ထုတ်ပြန်သွားမယ်လို့ Pen Myanmar က ပြောပါတယ်။ မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့လည်း ဖြစ်ပါတယ်။
DVB