Headlines News :
Home » , » နမ့်ခမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်၊ အဖွားအို ၁ ဦး လက်နက်ကြီးထိမှန်သေဆုံး

နမ့်ခမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်၊ အဖွားအို ၁ ဦး လက်နက်ကြီးထိမှန်သေဆုံး

Written By Live100 on Tuesday, May 2, 2017 | 7:06 PM

Untitled-1
Photo-DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ထဲမှာ ဒီကနေ့ မနက်ကနေ ညနေပိုင်းထိ တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ကြား ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီ လက်နက်ကြီးကျည်တွေ ရွာထဲကိုပါ ကျသွားတာကြောင့် အဖွားအို ၁ ဦး သေဆုံး သွားတယ်လို့  တအောင်းတပ်(တီအန်အယ်လ်အေ)ဘက်က ပြောပါတယ်။
မြန်မာ့တပ်မတော် တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ နမ့်ခမ်းဘက်ကနေ သူတို့ရှိတဲ့ ကောင်းခေရွာနဲ့ ပန်စံရွာကြား တောအုပ်ထဲ လာရောက်ပစ်ခတ်ရာက ဒီကနေ့မနက် ဆယ်နာရီ လောက်ကနေ  မွန်းလွဲ ၂ နာရီခွဲထိ တိုက်ပွဲဖြစ်ခဲ့တယ်လို့  ပြန်ကြားရေးတာဝန်ခံ တာ့အိုက်ကျော်က ပြောပါတယ်။
“တပ်မ ၈၈ က မနေ့ကတည်းက နမ့်ခမ်းကနေ ကျနော်တို့ နေတဲ့ဘက်ကို လိုက်လာလို့ ၂ ဘက် ထိတွေ့တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီး နာရီဝက်လောက်မှာတော့ နမ့်ခမ်းမြို့ အထက်နားမှာရှိတဲ့  အစိုးရတပ်စခန်းကနေ ပန်စံရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်တယ် တော်တော်လေးများ ပါတယ်။ သူတို့လက်နက်ကျည်တွေက ၅ မိုင် ကနေ ၇ မိုင် အကွာ ထိရောက်တယ်။ ကောင်းခေရွာ၊ ပန်စံရွာ၊ နမ့်ဟွမ်ရွာနားတ၀ိုက် လက်နက်ကြီးကျတယ်။ အဲဒီ ပတ်ပတ်လည်ပဲ။ အဲဒီ ပန်စံရွာမှာ နေအိမ်တလုံးထိပြီး အိမ်ထဲမှာရှိတဲ့ အသက် ၈၀ ကျော် အဖွားတယောက်ကို ထိပြီး သေဆုံးသွားတယ်လို့ လောလောဆယ် အဲဒီသတင်းရတယ်။ သူ့နာမည်က ယာ့လိုင်းလို့ခေါ်တယ်၊ အသေးစိပ်တော့ မသိရဘူး။ တခြား ထိခိုက်မှုတွေလည်း မသိရသေးဘူး။”
မွန်းလွဲ ၂ နာရီခွဲလောက်မှာ တိုက်ပွဲပြီးဆုံးသွားပေမယ့် ၃ နာရီ ၁၅ မိနစ်လောက်မှာတော့ မြန်မာ့တပ်မတော်ဘက်က ရဟတ်ယာဉ် ၃ စီးရောက်လာပြီး  အဆိုပါကျေးရွာဝန်းကျင်တ၀ိုက်ကို လာရောက်ပစ်ခတ်သွားတယ်လို့လည်း တာ့အိုက်ကျော်က ပြောပါတယ်။
နမ့်ခမ်းမြို့ တဲန်မရပ်ကွက်တွင်းနေထိုင်သူ ဒေသခံတဦးကလည်း ဒီကနေ့မနက် ဆယ်နာရီ ကျော်ကနေ ပစ်ခတ်သံတွေ အတိုင်းသားကြားရသလို ယမ်းငွေ့တွေပါ လှမ်းမြင်နေရတယ်လို့ ဒီဗွီဘီကို ခုလိုပြောပါတယ်။
“ဒီမနက် ၁၁ နာရီလောက်ကစပြီး ကျနော်တို့မြို့ရဲ့ အရှေ့တောင်ဘက် ၄-၅ မိုင်အကွာ ကောင်းခေရွာဘက်မှာ သေနတ်သံတွေစပြီးတော့ ကြားတယ်ခင်ဗျ။ ညနေ ၃ နာရီကျော်ကျတော့ နမ့်ခမ်းမှာရှိတဲ့အစိုးရတပ်စခန်းကနေ လက်နက်ကြီးနဲ့ပစ်တယ်။ ပြီးတော့ လေယာဉ် ၂ စီးလာတာ တွေ့တယ်။ အဲဒီရွာတွေက ပလောင်ရွာတွေလေ၊ တီအန်အယ်လ်အေက သွားနေတော့ ရွာတွေပါ အပစ်ခံရတာပေါ့။”
ညနေ ၃ နာရီခွဲလောက်မှာ အသံတွေအားလုံး ငြိမ်သက်သွားပေမယ့်  မြို့သူမြို့သားတွေကတော့ စိုးရိမ်စိတ်ရှိနေသေးကြောင်း၊ တကယ်လို့ တီအန်အယ်လ်အေတွေ မြို့ထဲလာပြီးခိုလှုံလို့ တပ်မတော်က ချေမှုန်းရင် မုံးကိုးလို အခြေအနေရောက်သွားမှာ စိုးရိမ်တယ်လို့ ဒေသခံက ပြောသွားပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်ဘက်က ထုတ်ပြန်တာတော့ မတွေ့သေးပါဘူး။ 
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template