Headlines News :
Home » » ပည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်

ပည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်

Written By Live100 on Monday, September 11, 2017 | 8:31 PM


ရန်ကုန်၊ စက်တင်ဘာ ၉

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဦးတီခွန်မြတ်သည် ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အဆိုပါပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက The Voice သို့ ပြောကြားသည်။

ဦးတီခွန်မြတ်သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက နုတ်ထွက်သွားခဲ့ခြင်းဖြစ်ပြီး ပါတီကလည်း နုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

“ဦးတီခွန်မြတ်က ပါတီရဲ့ တာဝန်တွေအပေါ် စိတ်ဝင်စားမှုမရှိလို့ သူကိုယ်တိုင် ပါတီဌာနချုပ်ကို နုတ်ထွက်စာ တင်ပါတယ်။ ပါတီကနေ သူ၏နုတ်ထွက်စာကို ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ နုတ်ထွတ်ခွင့် ပြုလိုက်ပါတယ်”ဟု ဦးလှသိန်းက ပြောသည်။

ဦးတီခွန်မြတ်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်အဖြစ်မှ ပါတီဝင်အဖြစ်လည်းကောင်း နုတ်ထွက်ခွင့်ပြုရန် ဩဂုတ်လ ၁၈ ရက်နေ့၌ ကြံ့ခိုင်ရေးပါတီရုံးချုပ်ထံ နုတ်ထွက်စာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဦးတီခွန်မြတ်၏ နုတ်ထွက်စာကို ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ပြုလုပ်၍ ဩဂုတ်လ နောက်ဆုံးပတ်၌ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ယင်းပါတီထိပ်ပိုင်း ခေါင်းဆောင်များထံမှ သိရှိရသည်။

လက်ရှိ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ကြံ့ခိုင်ရေးပါတီ၏ ဗဟိုကော်မတီဝင် တစ်ဦးအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၀၊၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ၌ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်သည်။

ဦးတီခွန်မြတ်သည် ၂၀၁၀ မှ ၂၀၁၅ အထိ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်၌ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။
The Voice

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template