Headlines News :
Home » » ကိုယ်စားလှယ်လောင်းများကို ပုဒ်မ ၅၉(စ) ပြင်မပြင် အပါအ၀င် မေးခွန်း ခြောက်ခုမေးပြီးမှ မဲပေးရန် မ.ဘ.သ ဥပဒေပညာရှင်ပြော

ကိုယ်စားလှယ်လောင်းများကို ပုဒ်မ ၅၉(စ) ပြင်မပြင် အပါအ၀င် မေးခွန်း ခြောက်ခုမေးပြီးမှ မဲပေးရန် မ.ဘ.သ ဥပဒေပညာရှင်ပြော

Written By Live100 on Monday, September 28, 2015 | 12:09 AM






|Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၂၇
ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို ပြည်သူအနေဖြင့် ပုဒ်မ ၅၉(စ) ပြင်မပြင် အပါအ၀င် မေးခွန်း ခြောက်ခု မေးပြီး မှ မဲပေးကြရန် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ဥပဒေပညာရှင် ဦးအေးပိုင်က ပြောသည်။
ပုဒ်မ ၅၉(စ) ပြင်မပြင် မေးခွန်းအပြင် ကိုယ်စားလှယ်လောင်း၏ ကိုးကွယ်ယုံကြည်မှု၊ မျိုးစောင့်ဥပဒေအပေါ် ထောက်ခံမှုရှိမရှိ၊ ဘင်္ဂလီ များကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားသည့် ၁၉၈၂ ဥပဒေကို ပြင်ဆင်ရန် ဆန္ဒရှိမရှိနှင့် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရန် ကတိပေးမပေး စသည့် မေးခွန်း ခြောက်ခုကို ကိုယ်စားလှယ်လောင်းအား မေးပြီးမှ မဲပေးရန် ဦးအေးပိုင်က ပြောကြားသည်။
ထားဝယ်မြို့တွင် စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်သည့် တနင်္သာရီတိုင်းလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား မိန့်ခွန်းတွင် ပြောခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်အမတ်ကြီး မင်း ၅၉(စ) ကို မပြင်ဖို့ သဘောတူပါသလား။ ပြင်မယ်ဆိုရင် မဲမပေးပါနဲ့” ဟု ဦးအေးပိုင်က မိန့်ခွန်းတွင် မေးခွန်း ၆ ခုအနက် နံပါတ် ၅ မေးခွန်းကို ပြောကြားခဲ့သည်။
၎င်းအပြင် လွှတ်တော်ကိုယ်စားလှယ်က ဗုဒ္ဓဘာသာမဟုတ်ပါက မဲမပေးရန်၊ မျိုးစောင့်ဥပဒေကို မထောက်ခံပါက မဲမပေးရန်၊ အမျိုးစောင့်ဥပဒေကို မစောင့်ရှောက်ပါက မဲမပေးရန်၊ ဘင်္ဂါလီကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားသည့် ၁၉၈၂ ဥပဒေကို ပြင်ဆင်မည်ဆိုပါက မဲမပေးရန်နှင့် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မည်ဟု ကတိမပေးနိုင်ပါက မဲမပေးရန် ၎င်းက ပြောသည်။

“လူတွေကို အသိဥာဏ်ပေးတဲ့ အခါမှာ ကိုယ့်ကိုယ်ကို စဉ်းစားဖို့ပါပဲ။ ဘုန်းဘုန်းတို့ ကလည်း စဉ်းစားကြဖို့ပဲ ပြောတာပါ။ အမိန့် ပေးတာ မဟုတ်ပါဘူး၊ ကိုယ့်အသိဥာဏ်နဲ့ ပဲလုပ်ကြပါ” မဘ.သ ဗဟို ဦးဆောင် ဆရာတော် တစ်ပါးဖြစ်သည့် နန်းဦး ဆရာတော်က ပြောသည်။
တနင်္သာရီတိုင်းလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုသည့်အနေဖြင့် စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် က တနင်္သာရီတစ်တိုင်းလုံးမှ သံဃာနှင့် လူထု အင်အား ၇သောင်းခွဲခန့် (မ.ဘ.သ ၏ ခန့်မှန်းချက် လူဦးရေ)ဖြင့် ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန်ဘုရားကြီးမှ စတင်ထွက်ခွာကာ မြို့အတွင်း လှည့်လည်၍ ရွှေဝယ်သီရိအားကစားကွင်းသို့ ချီတက်ကာ အခမ်းအနားကို ပြုလုပ်ခဲ့သည်။

မည်သူမဆို လူမျိုးရေးကိုဖြစ်စေ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲမပေးရန် သော်လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း သို့မဟုတ် ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆောင်ခြင်း စသည်တို့ကို ကျူးလွန်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဟု လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ အခန်း ၁၃ တွင် ဖော်ပြထားသည်။
Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template