Headlines News :
Home » » မုံရွာတွင် မိုးရွာလေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်၊ လူ ၂ ဦး သေဆုံး

မုံရွာတွင် မိုးရွာလေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်၊ လူ ၂ ဦး သေဆုံး

Written By Live100 on Friday, April 22, 2016 | 3:07 PM


မုံရွာမြို့ မြို့သစ်ရပ်ကွက်နဲ့ အိုးဘိုတောင်ရပ်ကွက်မှာ မနေ့ ညနေ ၄ နာရီခွဲလောက်က မိုးရွာ လေပြင်းတိုက်ခဲ့သလို မိုးကြိုးပစ်တာကြောင့် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
မိုးကြိုးပစ်ချိန်မှာ ဖုန်းပြောနေတဲ့ အသက် ၂၁ နှစ်ရွယ် မိန်းကလေး မိုးကြီးထိမှန်သေဆုံးခဲ့သလို လင်မယား ၂ ဦး သစ်ကိုင်းပီပြီး အမျိုးသမီး သေဆုံးသွားပါတယ်။ အမျိုးသားလည်း ခေါင်းမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာလည်း လေပြင်းတွေ တိုက်ခိုက်ခဲ့လို့ ဓာတ်တိုင်နဲ့ သစ်ပင်တချို့ ကျိုးပြတ်ကျခဲ့ပြီး ကားလမ်းတွေလည်း ယာယီ ပိတ်သွားခဲ့ပါတယ်။
ဧပြီ ၂၁ ရက် ကနေ ၂၄ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ ကျောက်ဆည်၊ နွားထိုးကြီး ၀က်လူး၊ ပြင်စည်၊ မြင်းခြံ စတဲ့ မြို့ ၈ ခုမှာ လေပြင်းများတိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က သတိပေးပါတယ်။
အဲ့ဒီမြို့တွေရဲ့ မွန်းလွဲနဲ့ ညနေပိုင်းတို့မှာ တနာရီ မိုင် ၂၀ မှ ၃၀ အထိရှိတဲ့ လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ သူ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။
အယ်လ်နီညိုနွေရာသီကာလအတွင်း မြန်မာပြည်က ချောက်၊ စစ်ကိုင်း၊ ထားဝယ်၊ မြိတ်၊ ဟဲဟိုး၊ ဖြူး စတဲ့ မြို့ ၁၁ ခုမှာ စံချိန်တင်ပူပြင်းခဲ့ပြီး ဧပြီ ၁၂ ရက်၊ အကြိုနေ့ တရက်ထဲမှာပဲ မြန်မာပြည်တ၀န်းရှိ မြို့ကြီး ၈ ခုမှာ စံချိန်တင် ပူပြင်းခဲ့ပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template