ဧပြီ ၂၂ ရက်ညနေပိုင်းက လေပြင်းတိုက်ခိုက်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ဆည်မြို့နယ် ရေသရောက်ကျေးရွာမှ နွားသွင်းပြန်လာသူ ၆ ဦးနဲ့ နွားတွေ တောင်ကျချောင်းရေမှာ မျှောပါသွားခဲ့ပါတယ်။
ဒီနေ့အထိ သေဆုံးသူ ၄ ဦးနဲ့ နွားသေအချို့ ရှာဖွေတွေ့ရှိရပြီး ပျောက်ဆုံးသူနှစ်ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် လေပြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာအချို့ နေအိမ်တွေ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
DVB