Headlines News :
Home » , » ထားဝယ်တွင် သင်္ကြန်အကြတ်နေ့ အုပ်စုဖွဲ့ ဓားထိုးမှုဖြစ်

ထားဝယ်တွင် သင်္ကြန်အကြတ်နေ့ အုပ်စုဖွဲ့ ဓားထိုးမှုဖြစ်

Written By Live100 on Monday, April 18, 2016 | 9:45 PM



Dawei Watch| ထားဝယ်၊ ဧပြီ ၁၈

ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်တွင် ဧပြီလ ၁၄ ရက် သင်္ကြန်အကြတ်နေ့ နေ့လယ် ၁၂ နာရီခန့်က ဆိုင်ကယ်စီးလာသော အမည်မသိ လူငယ်၂၀ ဦးခန့်က အမျိုးသားနှစ်ဦးကို တုတ်ဖြင့်ရိုက်၊ ခဲဖြင့်ပေါက်ကာ ဓားဖြင့်ထိုးခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

ထားဝယ်မြို့ ဆန်းချီရပ်ကွက် ကမြောကင်းလမ်းရှိ နေအိမ်တွင် အသက် ၄၀နှစ် အရွယ်ရှိ အမျိုးသားနှင့် ခြံစည်းရိုးတစ်ဝင်းတည်းနေ အသက် ၂၁ အရွယ်ရှိ အမျိုးသားတို့ သင်္ကြန်လည်ရန် ကိစ္စ ပြောဆိုနေစဉ် အမည်မသိ လူငယ်၂၀ ဦးခန့် ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး ၂၁နှစ် အရွယ် လူငယ်အား တုတ်ဖြင့်ဝင်ရိုက်နေစဉ် အသက် ၄၀ အရွယ်ရှိ အမျိုးသားက ၀င်ရောက်ဖျန်ဖြေကြောင်း၊  ထိုစဉ် ထိုဖျန်ဖြေသောသူကို အဆိုပါလူငယ်များမှ အုတ်ခဲဖြင့် ပစ်ပေါက်ကာ ဓာဖြင့်ထိုးသဖြင့် နဖူးပေါက်ပြဲဒဏ်ရာနှင့် ၀မ်းဗိုက်ဝဲဖက်တွင်  တစ်လက်မခန့် ထိုးသွင်းဒဏ်ရာတစ်ချက် (မစိုးရိမ်ရ) ရရှိကြောင်း ထားဝယ်ရဲစခန်း မှတ်တမ်းအရ သိရသည်။

ယင်းနောက် ဓါးထိုးခံရသူ၏ သားဖြစ်သူ အသက် ၁၉နှစ်အရွယ် လူငယ်က ၀င်ရောက်ဖျန်ဖြေရာ ယင်းဖျန်ဖြေသော လူငယ်ကိုလည်း ရိုက်နက်သဖြင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ယာလက်ဖျံ ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)များ အသီးသီးရရှိသွားခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာ ထားဝယ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေပြီး ဓားဖြင့်ထိုးကာရိုက်နှက်ခဲ့သည့် အမည်မသိ လူငယ်၂၀ ဦးခန့် အား (ပ)၂၁၁/၂၀၁၆၊ပြစ်မှုပုဒ်မ ၃၂၄/၃၂၅/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း ထားဝယ်ရဲစခန်းမှ သိရသည်။

ယင်းသို့ရိုက်နက် ပြီးနောက်ထွက်ပြေးသွားသော လူငယ်များကို ဖမ်းဆီးရမိခြင်းမရှိသေးပေ။

Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template