Headlines News :
Home » » မဲစာရင်းကြေညာဘုတ်များအတွက် ထားဝယ်မြို့နယ် ရွေး/ကော်က ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ငွေကောက်ခံ

မဲစာရင်းကြေညာဘုတ်များအတွက် ထားဝယ်မြို့နယ် ရွေး/ကော်က ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ငွေကောက်ခံ

Written By Live100 on Friday, October 2, 2015 | 10:46 PM


ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်တွင် မဲစာရင်း ကြည့်နေသူများကို တွေ့ရစဉ်
ဓာတ်ပုံ - ရဲထွဋ် / Dawei Watch


|Dawei Watch| ထားဝယ်၊ အောက်တိုဘာ ၁
မဲဆန္ဒရှင်စာရင်း ကြေညာဘုတ်များအတွက် ထားဝယ်မြို့နယ် ရွေး/ကော်က
ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံ
မှ ငွေကြေး ကောက်ခံခဲ့ကြောင်း
မြို့နယ်ရွေး/ကော်နှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ထံမှ
သိရသည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ အစည်းအဝေးတွင်
မဲစာရင်းကြေညာဘုတ်ပြုလုပ်ခဲ့သည့် သုံးထပ်သား တစ်ချပ်လျှင် ငါးထောင်ကျပ်
နှုန်းပေးသွင်းရမည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ပြောကြား
ခဲ့ကြောင်း မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့က ပြောသည်။
အဆိုပါ သုံးထပ်သားတစ်ချပ်လျှင် ငါးထောင်ကျပ်နှုန်းဖြင့်
ပေးသွင်းရမည့်ငွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို အစိုးရက
ခွင့်ပြုပေးထားသည့် အထွေထွေ အသုံးစရိတ် ငါးသောင်းကျပ်ထဲမှ
ပေးသွင်းရမည်ဖြစ်သောကြောင့် ရပ်ကျေး ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင်
လုံးဝအဆင်မပြေနိုင်ကြောင်း အမည်မဖော်လိုသူ
မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“ပွင့်ပွင့်လင်းလင်း ဖြစ်စေချင်ပါတယ်။ ကော်မရှင်က ချပေးထားတာ
မလုံလောက်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဖြည့်စွက်ပြီး မျှခံပေးဖို့
စာနဲ့ တရားဝင်ညွှန်ကြားမယ်ဆိုရင် မျှခံပေးဖို့ အဆင်သင့်ပဲ” ဟု အထက်ပါ
အုပ်ချုပ်ရေးမှူးက ဆိုသည်။
လက်ရှိအနေအထားမှာမူ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးများထံသို့ စက်တင်ဘာလ ၃၀
ရက်နေ့ရက်စွဲဖြင့် ကြေညာဘုတ်တစ်ခုလျှင် တစ်သောင်းကျပ် နှုန်းပေးသွင်းရန်
ဖော်ပြထားသည့် ကြေညာဘုတ်ပြောင်း/လက်ခံ မှတ်တမ်း(ဖြတ်ပိုင်း)တစ်ခုနှင့်
ကြေညာဘုတ် တစ်ခုလျှင် နှစ်သောင်းကျပ် ပေးသွင်းရမည့်
မှတ်တမ်း(ဖြတ်ပိုင်း)တစ်ခု စုစုပေါင်း ဖြတ်ပိုင်းနှစ်ခုပေးပို့ထားပြီး
အကြောင်းအရာ တစ်ခုတည်းအပေါ် ဖြတ်ပိုင်း နှစ်ခုပေးပို့ထားခြင်းအပေါ်
ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ထားဝယ်မြို့ပေါ် ရပ်ကွက်
အုပ်ချုပ်ရေးမှူး တချို့က ဆိုသည်။
ယင်းဖြတ်ပိုင်းနှစ်ခုတွင် ကြေညာဘုတ်တစ်ခုလျှင်
တစ်သောင်းကျပ်နှုန်းပေးသွင်းရန် ဖော်ပြထားသည့် ဖြတ်ပိုင်းကိုသာ စာရင်း
စစ်ဆေးခံရန် လိုအပ်ပြီး ကြေညာဘုတ်တစ်ခုလျှင်
နှစ်သောင်းကျပ်နှုန်းပေးသွင်းရန် ဖော်ပြထားသည့် ဖြတ်ပိုင်းကိုမူ စာရင်း
စစ်ဆေးခံရန်မလိုဟု မြို့နယ်ရွေး/ကော်က ပြောကြောင်း
မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေး စာရေးတစ်ဦးက ဆိုသည်။
တစ်သောင်းကျပ်နှုန်းဖော်ပြထားသည့် ဖြတ်ပိုင်းမှာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ငွေစာရင်းစစ်ဆေးခံရန် ဖြစ်ပြီး
နှစ်သောင်းကျပ်နှုန်းဖော်ပြထားသည့် ဖြတ်ပိုင်းမှာ အမှန်တကယ်ကုန်ကျသည့်
ပမာဏကို ကာမိစေရန် ထွေ/အုပ်နှင့် မြို့နယ် ရွေး/ကော်တို့ ညှိနှိုင်းပြီး
ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ
ဒုဦးစီးမှူး ဒေါ်ဝါ၀ါချိုက ဆိုသည်။
“ကြေညာဘုတ်တစ်ချပ်ကို ခြေထောက်ရော၊ ဘောင်ပါ ၂၂၅၀၀ ကျပ် ကျသင့်တာပါ။
တိုင်းကော်မရှင်က တစ်သောင်းကျပ်ပဲ ချပေးတော့ ရပ်ကျေးတွေကို
ငါးထောင်ကျပ်စီ ကျခံစေပြီး လိုတာကို အိတ်စိုက်ပြီးလုပ်ပေးထားတာ” ဟု
မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။
တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မဲစာရင်းကပ်မည့်
သုံးထပ်သားများအတွက် တစ်ချပ်လျှင် တစ်သောင်း ကျပ်နှုန်းဖြင့် လူဦးရေ
အနည်းအများပေါ် အခြေခံကာ ရပ်/ကျေး အုပ်စုတစ်စုလျှင် ပျမ်းမျှ ၃
ချပ်နှုန်းဖြင့် ရပ်/ကျေးအုပ်စု ၄၃ အုပ်စု ကို ခွင့်ပြုပေးခဲ့ကြောင်း
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုစီက တစ်လလျှင်ရရှိသည့်
အထွေထွေအသုံးစရိတ် ငါးသောင်းကျပ်ထဲမှာ အနည်းဆုံး အထပ်သား ၂ချပ် ကပ်သည့်
ရပ်/ကျေးက ငွေကျပ် တစ်သောင်းနှင့် အများဆုံး အထပ်သား ၄ ချပ်ကပ်သည့်
ရပ်/ကျေးက ငွေကျပ်နှစ်သောင်း ပေးဆောင်ရမည်ဖြစ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template