![]() |
ယနေ့ ရှပ်ပြေးရေယာဉ်တိမ်းမှောက်တဲ့ ဗန်းမော် ဆိပ်မှာ ကယ်ဆယ်ရေးများကို တွေ့ ရစဉ် |

ဟာ ဗန်းမော် ရှပ်ပြေဆိပ်ကမ်း အနီး ဧရာဝတီမြစ်ထဲမှာပဲ တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။
ရှပ်ပြေးရေယာဉ်ပေါ်မှာ လူ(၁၀၀)ကျော် ပါရှိပြီး မြစ်ကြီးနား ကျောင်းသား အားကစားပွဲတော်ကို သွားတဲ့ သူတွေ အများစု ဖြစ်တယ်လို့ သိရပါတယ်။ အခုရေကြီးနေတဲ့ အချိန်ဖြစ်တာကြောင့် ဗန်းမော်ကနေ မြစ်ကြီးနားကို တိုက်ရိုက်သွားလို့ မရပဲ ကသာ-နာဘား ဘူတာကနေ ရထားနဲ့ မြစ်ကြီးနား
သွားကြမဲ့ ကျောင်းသားတွေလို့ သိရပါတယ်။
ရှပ်ပြေရေယာဉ်ပေါ်မှာ ပါသွားတဲ့  ဗန်းမော် uni ကဘောလုံးသမား ၂၀ ကမ်းပေါ်ကို ပြန်ရောက်ပြီး uni က ဘောလုံးသများ ၅ ဦးနဲ့ ခရီးသည် ၈၀ ကျော်ကိုကယ်နေတုန်းပါ။ မိုးက တအားရွာနေပြီး ရေယာဉ် ၀မ်းခေါင်းထဲမှာ တာလပတ်အုပ်ပြီး လိုက်ပါသွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ခေါင်းမိုးပေါ်ပါသွားသူတွေ ပဲ ကယ်တင်နိုင်ပါသေးကြောင်း သိရပါတယ်။
ရှပ်ပြေးရေယာဉ်ပေါ်မှာ လူအပြည့်လိုက်ပါသွားပြီ ခြေချစရာနေရာတောင်မရှိတဲ့အတွက် ကမ်းပေါ်
ပြန်တက်ခဲ့ရပြီး ကျန်နေတဲ့ ခရီးသည်တွေလည်း ရှိပါတယ်။