Headlines News :
Home » » ၂၀-၇-၂၀၁၂ သန်းကောင်ယံFacebook သတင်းများ

၂၀-၇-၂၀၁၂ သန်းကောင်ယံFacebook သတင်းများ

Written By လွင့်မောင်မောင် on Saturday, July 21, 2012 | 12:35 AM

စစ်တွေမြို့ နောက်ဆုံး အခြေအနေ...
ယနေ့ညနေ ၆ နာရီအချိန်က မြန်မာ့ရေတပ်မတော်သည် စက်လှေများဖြင့် ခိုးဝင်လာသူ ( ဘင်္ဂလီများဟု ယူဆရ) ၉၇ ဦးအား ဖမ်းဆီးရမိပြီး နောက် စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အမှတ် ၁ ရဲစခန်းမှ တာဝန်ရှိသူ အရာရှိတစ်ဦးက အဆိုပါ ဖမ်းဆီးရမိမှု သတင်းကို အတည်ပြု ပေးခဲ့ပြီး စစ်ဆေးနေဆဲ ကာလဖြစ်သည့်အတွက် အသေးစိတ် အခြေအနေများကို မပြောနိုင်သေးကြောင်း ဒုက္ခသည်များ မဟုတ်သည့်အတွက် အကျဉ်းထောင်သို့ ပို့ဆောင်ထားခြင်း ဖြစ်ကြောင်း ပြောသည်။

လက်ရှိအခြေအနေတွင် နယ်မြေခံ စစ်ဖက်ရေးရာ ထောက်လှမ်းရေး များက ယိုးဒယားဘာသာစကား တတ်သူ စကားပြန်များ လိုက်ရှာနေသည်ဟုလည်း အတည်မပြုရသေးသော သတင်းများအရသိရသည်။
Zaw Lwin Win
***********************************************************************************************


ကွန်ပျူတာ အညောင်းထိုင် သမားများနှင့် လည်ဆစ် ရိုးရောဂါ


ကွန်ပျူတာ အညောင်းထိုင် သမားများနှင့် လည်ဆစ် ရိုးရောဂါ လူတို့သည် ကွန်ပျူတာရှေ့ တွင် နေ့စဉ် ရက်ဆက် အချိန်ကြာမြင့် စွာ အလုပ် လုပ်ခြင်းကြောင့် ရက်ရှည် လများကြာလာသည့် အခါတွင် ဇက်ရိုး အဆစ်၊ လည်ဆစ် ရိုး၊ ကျောရိုးဆစ် နာကျင်ကိုက်ခဲ မှုရောဂါဝေဒနာ စွဲကပ် ဖြစ်ပွားလာ တတ်သည်ဟု ဆိုသည်။ ယင်း ရောဂါဝေဒနာဖြစ်ပွား သူများမှာများသော အားဖြင့် အသက်၂၅နှစ် ဝန်းကျင်ရှိ လူ ငယ်လူရွယ်များဖြစ်ကြသည်ဟုသိရ၏။

ယင်းရောဂါကို စောစောစီးစီး အချိန်မီ ဆေးဝါး ကုသမှုမခံ ယူပါက နှစ်ကြာလာသည့် အခါတွင်မူ ရောဂါ ပိုမိုပြင်းထန်လာနိုင်သည်။ ဒါ့အပြင် သွေးလည်ပတ် မှုကောင်းမွန်ခြင်း မရှိ တော့ဘဲသွေးကြော ပိတ်၊သွေးကြော ကျဉ်း ရောဂါ ဖြစ်ပွားတတ်သည်ဟုဆိုသည်။ စင်ကာပူနိုင်ငံတွင် အဆိုပါ ရောဂါ ဖြစ်ပွားမှု များ သိသာစွာများပြားလာ ခဲ့သည်ဟု သိရ၏။ ယနေ့ စင်ကာပူ နိုင်ငံတွင် ကျောရိုးဆစ်နှင့် လည်ဆစ်ရိုး နာကျင်ကိုက်ခဲသူများ လစဉ် ဦးရေ ၃၀ဝ၀မှ ၄၀ဝ၀ ခန့်ရှိသည်ဟုဆို သည်။ သို့ဖြစ်လေရာ ကွန်ပျူတာနှင့် အလုပ်လုပ်သူများသည် အလုပ်လုပ်ပြီး ၁ နာရီကြာလာသည့်အခါတိုင်း ၁၀ မိနစ်ခန့်အနားယူ လမ်းလျှောက်ပေး ရပါသည်။ နေ့စဉ်လေ့ကျင့်ခန်း လုပ် ပေးရန် မမေ့သင့်ကြောင်း ကျန်းမာ ရေးသုတေသီများက သတိပေးနှိုး ဆော်ထားပါသည်။

ကေတီအောင်သိန်း (ရန်ကုန်တက္ကသိုလ်)
Ref: C.S.T (Singapore
By Health Digest
*********************************************************************************************
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template