သူရဲကောင်း ကျောက်တိုင်တွင် ပန်းခွေမချရ - - -
ထားဝယ်မြို့ရှိ အထင်ကရ ကိုလိုနီခေတ်လက်ရာ အဆောက်အဦဖြစ်သော တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် မျက်နှာချင်းဆိုင် သူရဲကောင်း မော်ကွန်းကျောက်တိုင်တွင် အာဇာနည်နေ့တွင် လွမ်းသူပန်းခွေချခွင့်ကို အာဏာပိုင်က တားမြစ်ထားကြောင်း ယင်းမြို့ ၈၈ မျိုးဆက်ကျောင်းသားများထံမှ သိရသည်။
ယင်းကျောက်တိုင်သည် ဗမာ့လွတ်လပ်ရေး ကြိုးပမ်းမှု တစ်လျှောက်တွင် ကျဆုံးသွားသည့် ရဲဘော်များကို ဂုဏ်ပြုသည့်အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ခန့်က မြန်မာ သက္ကရာဇ် ၁၃၀၄ ခုနှစ်တွင် စိုက်ထူခဲ့ခြင်းဖြစ်ပြီး အစိုးရရုံးမျက်နှာချင်းဆိုင်ရှိ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ရုံးဝင်းအတွင်းတွင်တည်ရှိသည်။

(ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)အထိမ်းအမှတ်ကျောက်တိုင်(စည်ပင်ရုံးရှေ့)