Headlines News :
Home » , » မန္တလေးတက္ကသိုလ်တွင် XRF စက်ပျက်၍ စာမေးပွဲရက်ရွှေ့ဆိုင်းရ

မန္တလေးတက္ကသိုလ်တွင် XRF စက်ပျက်၍ စာမေးပွဲရက်ရွှေ့ဆိုင်းရ

Written By လွင့်မောင်မောင် on Wednesday, July 18, 2012 | 12:03 PM


မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 17 Jul, 2012


 
မန္တလေးတက္ကသိုလ် ရူပဗေဒဌာနရှိ ဓါတ်သတ္တိခွဲစိတ်စမ်းသပ်သော XRF( X –ray fluorescence)  စက် ပျက်ယွင်းနေမှုကြောင့် မဟာတန်းဖြေဆိုမည့် ကျောင်းသူကျောင်းသားအချို့၏ စာမေးပွဲအား ရက်ရွှေ့ဆိုင်းထားရကြောင်း တက္ကသိုလ်ဆရာတစ်ဦးထံက သိရှိရသည်။
 
အဆိုပါ ဓါတ်ခွဲစမ်းသပ်သည့်(XRF) စက်သည် မန္တလေးတက္ကသိုလ်တွင် တစ်လုံးနှင့် ရန်ကုန်တက္ကသိုလ်တွင် တစ်လုံး၊ စုစုပေါင်း (၂)လုံးရှိ၍ ယူရေနီယံအဆင့်ထိ ဓါတ်ခွဲစမ်းသပ်နိုင်ကြောင်းကိုလည်း သိရှိရသည်။
 
“ ဒီစက်ကအဓိကလုပ်ဆောင်တာကတော့ တိုင်းတာတဲ့အလုပ်ပေါ့ ၊ မဂ္ဂနီစီယမ်ပါလား ၊စီစီယမ်ပါလားဆိုပြီးတိုင်းတဲ့စက်ပေါ့ ၊ ဘာ  element တွေပါလဲဆိုတာကို တိုင်းတဲ့စက်ပါ ၊ စက်ကောင်းနေရင်တော့ နေ့တိုင်းလိုလို ကျောင်းသားတွေလာပြီးစမ်းသပ်ကြတာရှိတယ် ‘’ ဟု အမည်မဖော်လိုသူ မန္တလေးတက္ကသိုလ် ဆရာတစ်ဦးက ပြောကြားလိုက်သည်။
 
 ၎င်းစက်ကိုမှီပြီး PHD အတွက်လုပ်နေသူများရှိသလို အခြားဌာနများနှင့် အခြားကျောင်းများမှလည်း လာရောက်စမ်းသပ်လုပ်ကိုင် ကျကြောင်းကို သူက ရှင်းပြသည်။
 
“ MIT ကဆိုရင် ကော်ဖီမှုန့်ကိုတောင် လာပြီးဓါတ်ခွဲခိုင်းဖူးတာတွေရှိတယ် ၊ အခြား ကျောင်းသား တွေလဲ ဒီစက်ကို မှီပြီး PHD ဖြေဖို့လုပ်နေကြရတာလေးတွေရှိတယ် ၊ ခုစက်ပျက်သွားတော့ သူတို့စာမေးပွဲတွေ ရက်ရွှေ့ထားရတာပေါ့ ´´ ဟု ၎င်းက ပြောသည်။
 
အဆိုပါစက်အားပြုပြင်ရန် ရန်ကုန်သို့ အကြောင်းကြားစာတင်၍ အကြောင်းကြားထားကြောင်းနှင့် လာရောက် ပြုပြင်ရန် လချီကြာမြင့်ကြောင်း ၊ ပြုပြင်မည့်အဖွဲ့သည် မန္တလေးမြို့တွင် နေထိုင်သော် လည်း ရန်ကုန်မှ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ရမှသာ ပြုပြင်ရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
 
အဆိုပါစက်ချို့ယွင်းနေသောကြောင့် မန္တလေးတက္ကသိုလ်ရှိ ကျောင်းသူကျောင်းသားများမှာ ရန်ကုန်သို့သွား၍ ခွဲစိတ်စမ်းသပ်မှုများပြုလုပ်နေကြရပြီး မလိုအပ်ပဲ ကုန်ကျစရိတ်များပိုမို သုံးစွဲနေရကြောင်းလည်း သိရှိရသည်။
 
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template