အစိုးရ၏ အာမခံချက်များ၊ ကတိ များနှင့် တာဝန်ခံချက်များကို အကောင် အထည် ဖော်ဆောင်နိုင်မှု အခြေအနေ အား လာမည့်လွှတ်တော် အစည်းအဝေး တွင် အပူတပြင်း
တင်ပြသွားရမည် ဖြစ် ကြောင်း ယင်းကော်မတီ အဖွဲ့ဝင် ဒေါ် ခင်သန္တာ (ဒီချုပ်ပါတီ) ကပြောသည်။”အစိုးရရဲ့ ကတိတစ်လုံးဆိုတာ အင်မတန် အရေးကြီးပါတယ်။ သန့် ရှင်းရေ သောက်သုံးရေက အစ ရပ်ရွာ တွေမှာ လုပ်မယ်ဆိုရင် လုပ်ရမယ်ပေါ့။ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေ မှာ အဆိုတွေ၊ မေးခွန်းတွေကို နှုတ် ကတိ၊ စာကတိနဲ့ လုပ်ကိုင်မယ်ဆိုတာ ရှိ မရှိ၊ လုပ်မလုပ်ပေါ့။ ဒါတွေအားလုံး ကို စိစစ်ပြီး တင်ပြသွားရမှာပါ။ ဒါ ကြောင့် မေလ ၁၆ ရက်နေ့ နောက်ပိုင်း က စပြီး အပူတပြင်း လုပ်ကိုင်သွားရမှာ ပါ” ဟု ၎င်းက ဆိုသည်။
ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန် ခံချက်များ စိစစ်ရေးကော်မတီသည် လွှတ်တော်နှင့် အစိုးရကြားရှိ လုပ်ကိုင် ဆောင်ရွက်နေမှု မှတ်တမ်းများကို လက် ရှိစိစစ်ရာတွင် နှုတ်ကတိ၊ စာကတိများ အကောင်အထည်ဖော်မှု နောက်ကျနေ ကြောင်း၊ ကတိပျက်သည့် အခြေအနေ များ မတွေ့ရသေးသော်လည်း အချိန် နောက်ကျခြင်းများကို တွေ့ရှိနေပြီး နား လည်မှုလွဲနေသောကိစ္စရပ်များ ဖြစ်ပေါ် နေသေးကြောင်း သိရသည်။
”မေးခွန်းတွေ အဖြေတွေနဲ့ အဆို တွေဟာ ကွဲလွဲချက်တွေ ရှိလာတယ်။ လွှတ်တော်နဲ့ အစိုးရကြား အာမခံချက် တွေဟာ နောက်ပိုင်းမှာ အဆင်ပြေလာ မယ်လို့ မျှော်လင့်ရပါတယ်” ဟု ဒေါ်ခင် သန္တာက ထပ်လောင်းပြောကြားသည်။မေလ ၆ ရက်နေ့တွင် ကျင်းပသည့် ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် အရအစိုးရ၏အာမခံချက်နှင့် ကတိများ အတွက် လုပ်ကိုင်ဆောင်ရွက်မှု အခြေ အနေ
အကောင်အထည်ဖော်ဆောင် နိုင်မှုရှိ မရှိ သက်ဆိုင်ရာ နယ်မြေများသို့ ကွင်းဆင်းလေ့လာ သွားရမည်ဖြစ် ကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်၍ ဝန်ကြီးဌာန၊ အစိုးရအဖွဲ့များကိုလည်း ဆက်သွယ်အကြောင်းကြားကာ ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရ သည်။ ကော်မတီနှင့် ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် ဌာနများ၏ လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည် တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ကော်မတီ အ ဆောင်အမှတ် (၃) ၌ ကျင်းပရာ အစိုးရ ၏ အာမခံချက်များ၊ ကတိများနှင့် တာ ဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းစိန်၊ ကော်မတီအတွင်းရေးမှူး ဦးသန်းမြင့်၊ ကော်မတီအဖွဲ့ဝင်များဖြစ် ကြသည့် ဦးဝင်းသန်း၊ ဦးသန်းနွယ်၊ ဦးလှထွန်းဦး၊ ဦးကိုကိုလွင်၊ ဦး သန်းထွန်း၊ ဒေါ်ခင်စောဝေနှင့် ဒေါ်ခင်သန္တာတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ထက်(NYK)Popularmyanmar dot com
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago