Headlines News :
Home » » ကျောက်ဖြူတွင် မူဆလင် ဒုက္ခသည်များ ပြန်လည် နေရာချထားရေး ကန့်ကွက်မူ အချို့ရှိ

ကျောက်ဖြူတွင် မူဆလင် ဒုက္ခသည်များ ပြန်လည် နေရာချထားရေး ကန့်ကွက်မူ အချို့ရှိ

Written By လွင့်မောင်မောင် on Wednesday, May 8, 2013 | 7:19 PM

947208_591171094235802_1056472815_n
စုရုံး စောင့်ဆိုင်းနေသူ ရွာသားများကို တွေ့ရစဉ်။ ( ဓါတ်ပုံ- Coral Arakan)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်း မူဆလင် ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးနဲ့ ပတ်သက်ပြီး ကန့်ကွက်မူ အချို့ရှိနေတယ်လို့ သိရပါတယ်။
လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ဝင်း ဦးဆောင်တဲ့ ၀န်ကြီး အဖွဲ့ တစ်ဖွဲ့ဟာ လွန်ခဲ့တဲ့ တနင်္လာနေ့က ကျောက်ဖြူမြို့ကို စစ်တွေကနေ မေလိခ အမြန် မော်တော်နဲ့ ရောက်ရှိလာရာမှာ ခုလို ကန့်ကွက်မူတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ရွာသားတွေ အများအပြားဟာ ပြင်ဖြူမော်နဲ့ ချိန်ခါလီ ဆိုတဲ့ နေရာ (၂) ခုမှာ ၀န်ကြီးနဲ့ အဖွဲ့ နေရာလာကြည့်ရင် ဆန္ဒပြဖို့အတွက် စုရုံးနေခဲ့ကြတယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။
“ ပြင်ဖြူမော်၊ ဆားပြင်ကွင်းနဲ့ ကညင်တောမှာ ရွာသားတွေ အများကြီး စုရုံးပီး ၀န်ကြီးတွေ လာမှာကို စောင့်နေခဲ့ကြပါတယ်။ ချိန်ခါလီရွာဘက်မှာလည်း လူပေါင်း ၃၀၀၀ ခန့်စောင့်နေခဲ့ကြပါတယ်။ ၀န်ကြီးတွေ လာရင် အရေးဆိုနိုင်အောင် ဆိုပြီး စောင့်နေခဲ့ကြတာ ဖြစ်ပါတယ်” လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီသတင်းတွေကို ရတဲ့ ၀န်ကြီး အဖွဲ့ဟာ နေရာ သွားကြည့်မယ့် သူတို့ အစီအစဉ်ကို ရပ်ဆိုင်းပြီး ကျောက်ဖြူမြို့ပေါ်မှာဘဲ ဒေသခံ လူထုတွေနဲ့ တွေ့ဆုံပွဲ လုပ်ပြီး ဆွေးနွေးသွားခဲ့တယ်လို့ ပြောပါတယ်။
မြန်မာ အစိုးရ အာဏာပိုင်တွေ အနေနဲ့ နားခေါင်းတို ပင်လယ်ပေါက်နဲ့ စနဲ အနီးက ကုလားမကျွန်း အပြင် ကျောက်ဖြူမြို့နဲ့ အနီးကလေး တည်ရှိတဲ့ ပြင်ဖြူမော်နဲ့  ချိန်ခါလီစတဲ့ နေရာ (၄) ခုမှာ  မူဆလင် ဒုက္ခသည်တွေကို နေရာချပေးဖို့ ရာတားထားတယ်လို့ ဆိုပါတယ်။
အဲသလို နေရာချပေးမယ့် နေရာမှာ ပြင်ဖြူမော်နဲ့ ချိန်ခါလီဘက်မှာ ဆန့်ကျင်ကန့်ကွက်မူ တွေ ရှိခဲ့တာ ဖြစ်ပါတယ်။
ကျောက်ဖြူမြို့ပေါ်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာတော့ ၀န်ကြီးတွေဟာ မြို့မိ မြို့ဖတွေ၊ နိုင်ငံရေး ပါတီက ခေါင်းဆောင်တွေ၊ လွှတ်တော် အမတ်တွေနဲ့ လူငယ် အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားခဲ့ပါတယ်။
သူတို့ ကျောက်ဖြူကို လာတဲ့ ခရီးစဉ်ဟာ ဒေသခံတွေရဲ့ အမြင် သဘောထားကို သိရှိနိုင်အောင် အတွက် လေ့လာရန် လာတဲ့ ခရီးစဉ် ဖြစ်တယ်လို့ ပြောဆိုတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူထုတွေ သဘောထား မရဘဲ ဘာတစ်ခုကိုမှ လုပ်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်လည်း နေပြည်တော်က လူကြီးတွေ လာအုံးမှာ ဖြစ်တယ်လို့ ပြောဆိုတယ်လို့  တက်ရောက်ခဲ့သူ တစ်ဦးက ဆိုပါတယ်။
အခု နေရာချပေးမယ် ကျောက်ဖြူက မူဆလင်တွေဟာ အောက်တိုဘာလ အရေးအခင်း အတွင်းမှာ ကျောက်ဖြူကနေ စစ်တွေသဲချောင်းဘက်ကို စက်လှေတွေနဲ့ ထွက်ပြေးသွားပြီး အဲဒီမှာ ခိုလုံနေကြတာ ဖြစ်ပါတယ်။
ရခိုင်တွေနဲ့ ဘင်္ဂလီတွေ အကြား အတူ ယှဉ်တွဲ နေထိုင်ရင် အောက်တိုဘာလကထက် ဆိုးရွားတဲ့ အကြမ်းဖက်  တိုက်ခိုက်မူတွေ ပေါ်ပေါက်နိုင်တဲ့ အတွက် ကျောက်ဖြူမြို့သားတွေက သူတို့ရဲ့ နေရာဟောင်းဖြစ်တဲ့ (ဒေသအခေါ်)  ကျောက်ဖြူ ကုလားပိုက်ဆိပ်မှာ နေရာချထားပေးမှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာ ဖြစ်တယ်လို့ ကျောက်ဖြူ လူငယ် အဖွဲ့ ခေါင်းဆောင် ကိုလှမြင့်ကျော်က နိရဉ္စရာကို ပြောပါတယ်။
အဲဒီနောက်ပိုင်းမှာ အာဏာပိုင်တွေက နောက်ထပ် နေရာ (၄) ခုကို ဒုက္ခသည်တွေကို ပြန်လည် နေရာချထားရေး အတွက် စဉ်းစားလာတာ ဖြစ်ပါတယ်။ ဒါ့ပြင် စစ်တွေက မူဆလင် ဒုက္ခသည် စခန်းတွေမှာ လူဦးရေ အလွန်များပြားတာကြောင့် ထိန်းသိမ်းဖို့ ခက်ခဲနေတဲ့ အတွက် သူတို့ရဲ့ မူလ နေရာဟောင်းတွေကို အစိုးရက ပြန်ပို့ ဆောင်ပေးဖို့ ခုလို စီစဉ်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
နိရဉ္စရာ

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template