Headlines News :
Home » » မလေးရှားမှာ ယနေ့စတင်စုဝေ ဆန္ဒပြပြီ

မလေးရှားမှာ ယနေ့စတင်စုဝေ ဆန္ဒပြပြီ

Written By လွင့်မောင်မောင် on Wednesday, May 8, 2013 | 10:57 PM

Photo -Phyo Dawei
  Wednesday, May 8, 2013 | 11:13:00 PM

ယနေ့ည မလေးရှားစံတော်ချိန် 8:30 တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Kalana Jaya Stadium ၌ အတိုက်ခံပါတီခေါင်းဆောင် Dato' Seri Anwar bin Ibrahim (အဏ္ဍဝါ) နဲ့ အခြားအတိုက်အခံပါတီ များစုပေါင်းပြီး Bersih 4.0 ဆန္ဒပြပွဲကို ယနေ့ ကျင်းပနေပြီဖြစ်ပါတယ် ။

အကြောင်းမှာပြီးခဲ့တဲ့ 5.5.2013 မှာကျင်းပခဲ့တဲ့ မလေးရှားနိုင်ငံ လုံးဆိုင်ရာ 13 ကြိမ်မြောက် ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်မခံနိုင်တဲ့ အတိုက်ခံ ပါတီတွေက ရွေးကောက်ပွဲမဲ ရေတွက်နေစဉ် မီးပျက်မှု့များ ၊ နိုင်ငံခြားသားများကိုမဲပေးစေခြင်းများ ၊ မဲအရေအတွက်နှင့် မဲပေးခွင့်ရှိသူ ပမာဏ ကွာဟနေမှု့များကြောင့် Dark Election ဟုကြွေးကြော်ကာ ဝတ်စုံမဲများတူညီဝတ်ဆင်ပြီး ယနေ့ပွဲကိုဆင်နွဲကြခြင်းဖြစ်ပါတယ် ။

ယခင်ကဲ့သို့ မြန်မာဆိုင်များတည်ရှိရာ Merdaka ကွင်းမှာလိုမဟုတ်တာကြောင့် ဧဒင်ဥယျာဉ်မှ သတိပေးချက်များ မရေးပေးခဲ့ပဲ မလေးရှား နိုင်ငံရဲ့ ပြည်တွင်း အခြေအနေများကို မြန်မာများအားလုံး သိရှိနေအောင် ယခုလို ဘာသာပြန်တင် ဆက်ပေးခြင်းဖြစ်ပါတယ် ။ လူပေါင်း များစွာဟာ မိုးရွာနေတဲ့ကြားက ဆက်လက် ဝင်ရောက်နေပြီး မလေးရှားနိုင်ငံသား တရုတ်လူမျိုးများကတော့ အောက်ပါ သတင်းစာကြောင့် ဒေါသထွက်ကာ အဆိုပါပွဲကို ဝင်ရောက်ဆင်နွဲနေကြခြင်ဖြစ်ပါတယ် ။

Utusan Malaysia သတင်းစာရဲ့ တရုတ်တွေ ဘာထပ်လိုချင်သေးလဲ ဆိုတဲ့ သတင်းစာကြောင့် မလေးရှားရဲ့ တရုတ် လူမျိုးများပိုမိုပါဝင်လာတာကို တွေ့ရမည်ဖြစ်ပါတယ် ။ အောက်ပါ သတင်းစာဖြစ်ပါတယ် ။

ယခု အတိုက်ခံ ခေါင်းဆောင် အဏ္ဍဝါမှ လက်ရှိအစိုးရအား ကန့်ကွက်သွားမည့် အကြောင်းပြောကြားနေပြီးပြီး ဆုံးပါက ကျွန်တော်တို့ ဆက်လက်တင် ဆက်ပေး သွားမည်ဖြစ်ပါသည် ။ ကျွန်တော်တို့ ယနေ့ မြန်မာနိုင်ငံသား 400000 ကျော်အလုပ်လုပ်ကိုင်နေထိုင်နေကြတဲ့ မလေးရှားနိုင်ငံမှာ ယခင်ယခင် နှစ်တွေနဲ့မတူတဲ့ အချိန်တွေကို ကျော်ဖြတ်နေတဲ့ အကြောင်းနဲ့ မလေးရှားရောက် မြန်မာများသာမက နိုင်ငံတကာရောက် မြန်မာများသိရှိစေရန် ကျွန်တော်တို့ ဧဒင်ဥယျာဉ်မှ ဘလော့ အနေဖြင့် သတင်းဓာတ်ပုံများ အကြောင်းအရာများကို ဆက်တိုက်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ ။ 
သတင်း- နေဇော်လင်း(Nay Zaw Lin )
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template