Headlines News :
Home » » ထိုင်းနိုင်ငံက မြန်မာကလေးငယ်များကို နိုင်ငံကူးလက်မှတ် ထုတ်ပေး

ထိုင်းနိုင်ငံက မြန်မာကလေးငယ်များကို နိုင်ငံကူးလက်မှတ် ထုတ်ပေး

Written By လွင့်မောင်မောင် on Thursday, May 9, 2013 | 9:07 PM

 
ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေရဲ့ ကလေးငယ်တွေ မြန်မာပတ်စပို့စ် ထုတ်ယူလို့ရပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူ တဦးက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သားသမီးတွေအတွက် ‘မှီခိုသူပတ်စပို့စ်’ ကို ဒီနေ့ကစပြီး ထုတ်ပေးနေတာပါ။ အသက် ၁၈ နှစ်အောက် မြန်မာကလေးတွေဟာ ဒီစီမံချက်မှာ အကျုံးဝင်ပြီး ထိုင်းအခြေပြု ယာယီပတ်စပို့စ် ထုတ်ပေးရေးရုံး ၁၁ ရုံးမှာ ထုတ်ပေးနေတယ်လို့ မြန်မာသံရုံး အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ

“ကလေးအတွက် ထုတ်ပေးမယ်ဆိုတော့ ထိုင်းဘက်က သာမန်လူကောက်သလို ဘတ် ၁၉၀၀ ကောက်မယ်ပြောတယ်။ အဲကိစ္စကို မြန်မာဘက်ကနေ ပြီးခဲ့တဲ့အစည်းအဝေးမှာ မိဘတွေတောင် ဘတ် ၅၀၀ ပဲဆောင်ရတာလေ။ အလုပ်မလုပ်တဲ့ ကလေးတွေကို ဘတ် ၁၉၀၀ တောင်ကောက်မယ်ဆိုတာ မဖြစ်သင့်ဘူး။ အဲတော့ ညှိပေးပါဆိုတော့ ကတ်ဘိနက်တင်တော့ ကတ်ဘိနက်က ခွင့်ပြုလိုက်တယ်။ ကလေးတွေလည်း ဘတ် ၅၀၀ ပဲပေါ့။ ဒါနဲ့ ကျနော်တို့ဘက်က ကလေးတွေအတွက် သီးသန့်ထုတ်ပေးမယ့် စာအုပ်တွေ ပြီးခဲ့တဲ့ အပတ်က အားလုံးပြီးသွားပြီ။ အဲဒါ ထုတ်ပေးဖို့ ထိုင်းနဲ့ညှိပြီး မြန်မာပြည်ကို ပြန်တင်ပြတယ်။ မြန်မာပြည်ဘက်က ခွင့်ပြုလာပြီဆိုတော့ စခန်းတွေအားလုံးကို ကလေးတွေအတွက် ထုတ်ပေးဖို့ မနေ့က ပြောလိုက်ပြီ။ အလုပ်သမားဝန်ကြီးဌာနကိုလည်း လ၀ကနဲ့ ညှိပြီး ဗီဇာတုံးကို လူကြီးတွေနှုန်းထားအတိုင်းပဲ ဘတ် ၅၀၀ နဲ့ ထုပေးဖို့ အကြမ်းဖျင်း၊ ဒီနေ့ပဲ စလုပ်ကြမယ်။ ”

မှီခိုသူပတ်စပို့စ်ရဖို့ ထိုင်းငွေ ၁၇၅ ဘတ် ပေးသွင်း ထုတ်ယူရမှာဖြစ်သလို  နေထိုင်ခွင့်ဗီဇာရဖို့ ထိုင်းလ၀ကမှာ ဘတ်ငွေ ၅၀၀ ပေးပြီး သွားလျှောက်ရမှာပါ။ ဗီဇာလျှောက်တဲ့ကလေးတွေဟာ သူတို့မိဘတွေ ရရှိထားတဲ့ ဗီဇာကာလ သတ်မှတ်ချက်အတိုင်း ရရှိမယ်လို့ ဦးနိုင်ထွန်းက ပြောပါတယ်။

ကလေးအတွက် မှီခိုပတ်စပို့စ်ဟာ အပြာရောင်ဖြစ်ပြီး အောက်မှာ (Dependent-မှီခိုသူ)လို့ စာတမ်းထိုးထားပါတယ်။

ဒီအစီအစဉ်ကြောင့် ထိုင်းရောက် မြန်မာကလေးတွေအတွက် အထောက်အထား ရတဲ့အပြင် တရားဝင် ကျောင်းတက်ခွင့်လည်း ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီအစီအစဉ်ဟာ ဒီ ၂၀၁၃ ခုနှစ်အတွင်း မှတ်ပုံတင်တဲ့အလုပ်သမားတွေနဲ့သာ အကျုံးဝင်ပြီး မူလပတ်စပို့ ရပြီးသား အလုပ်သမားဟောင်းတွေကတော့ မြန်မာပြည် ကလေးမွေးစာရင်းနဲ့ အတူ ဘန်ကောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ လျှောက်ထားဖို့ လိုအပ်တယ်လို့ ဦးနိုင်ထွန်းက ရှင်းပြပါတယ်။

၂၀၁၃ ခုနှစ်အတွင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအတွက် လျှောက်လွှာ တင်ထားသူ အလုပ်သမား ၃ သိန်းကျော်ရှိပြီး သူတို့ရဲ့ကလေး မှီခိုလျှောက်ထားသူ ၃၀၀၀ လောက်ရှိတယ်လို့ ဦးနိုင်ထွန်းက ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံတွင်းမှာ ထောလော ၃၈ လို့ခေါ်တဲ့ ယာယီနေထိုင်ခွင့် လက်မှတ်ရှိပြီး ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းမရှိသူ ၂ သိန်းနီးပါးရှိတယ်လို့ ထိုင်းနိုင်ငံ တောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းရဲ့ အကြီးတန်းအကြံပေး ဦးထူးချစ်က ပြောပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံနေနဲ့ ယာယီနိုင်ငံကူးလက်မှတ်လုပ်ရေး သက်တမ်းထပ်တိုးပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ကို မေ ၁၅ ရက်နေ့အထိ ခွင့်ပြုထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းလောက်ရှိတဲ့အနက် ၁.၂ သန်းက တရားဝင် အလုပ်လုပ်နေတာဖြစ်ပြီး ၃ သိန်းလောက်က နိုင်ငံသား စိစစ်တာ မလုပ်ဆောင်ရသေးဘူးလို့ သိရပါတယ်။

by နော်နိုရင်း (ဒီဗွီဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template