Headlines News :
Home » » မြန်မာ့ နည်းပညာ တိုးတက်ဖွံ့ဖြိုးရေး အတွက် Intel ရဲ့ပူးပေါင်းဆောင်ရွက်မှု

မြန်မာ့ နည်းပညာ တိုးတက်ဖွံ့ဖြိုးရေး အတွက် Intel ရဲ့ပူးပေါင်းဆောင်ရွက်မှု

Written By လွင့်မောင်မောင် on Sunday, May 5, 2013 | 3:12 PM

 
မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာကျော် Intel နဲ့ မြန်မာနိုင်ငံက ကွန်ပျူတာ အသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိနေပါပြီ။ 

ပဏာမ အဆင့်အနေနဲ့ Intel နဲ့ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်( MCF) တို့ ပူးပေါင်းပြီး အလုပ်ရုံ
aဆွးနွေးပွဲ ကျင်းပမှာ ဖြစ်ပြီး လာမယ့် ဇွန်လမှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ဖိုရမ် ကို Intel's World Ahead ရဲ့ အကြီးအကဲလည်း တက်ရောက်မှာဖြစ်တယ်လို့ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကလည်း MICT Park မှာ MCF နဲ့ Intel World Learning တို့ ဆွေးနွေးပွဲ တခု လုပ်ခဲ့ပြီး Intel ဟာ မြန်မာပြည်ကို စိတ်ဝင်တစား လာရောက်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကို Intel ရဲ့ တာဝန်ရှိသူတချို့နဲ့ USAID လို့ ခေါ်တဲ့အမေရိကန် ပြည်ထောင်စုက အထောက် အပံ့ အကူအညီပေးရေးအဖွဲ့က တာဝန်ရှိသူတွေလည်း လိုက်ပါလာခဲ့တာဖြစ်ပါတယ်။

အခုလို ပူးပေါင်းဆောင်ရွက်မှုတွေကနေ မြန်မာနိုင်ငံအတွက် နည်းပညာ အဆင့်အတန်း မြင့်မားလာစေ ဖို့ ခြေလှမ်းတွေဖြစ်ပါတယ်။

မကြာသေးမီကလည်း Google ဥက္ကဌရဲ့ မြန်မာပြည်ခရီးဟာ ဂူဂဲလ်မြန်မာအဖြစ် နည်းပညာ တော်လှန်ရေး တရပ်ဖြစ်စေခဲ့တယ်လို့ နည်းပညာလောကသားတွေက ပြောဆိုနေကြပါတယ်။

နည်းပညာခေတ်ကြီးထဲမှာ မြန်မာဟာ နည်းပညာနဲ့ပတ်သက်လို့ နောက်ကျကျန်နေခဲ့မှုတွေအတွက် သူများ ထက်ခြေလှမ်းတွေ သွက်သွက်နဲ့ တက်လှမ်းရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။


အိမ့်သံစဉ် ~ဧရာဝတီ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template