Headlines News :
Home » » ရဲမနိုင်သော ပဋိပက္ခ စစ်တပ်ကူရန် အရေးပေါ်လွှတ်တော်တွင် အတည်ပြုဖွယ်ရှိ

ရဲမနိုင်သော ပဋိပက္ခ စစ်တပ်ကူရန် အရေးပေါ်လွှတ်တော်တွင် အတည်ပြုဖွယ်ရှိ

Written By လွင့်မောင်မောင် on Wednesday, May 8, 2013 | 8:28 PM

 ပဋိပက္ခများတွင် ရဲလုံခြုံရေးဖြင့် မနိုင်ပါက စစ်တပ်ကူညီရန် အရေးပေါ် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုသွားမည့် အလားအ လာ ရှိကြောင်း ကော့ကရိတ်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးသူရိန်ဇော် (ပြည်သူ့ငွေစာရင်းကော်မတီ၊ ဥက္ကဋ္ဌ)က ပြောသည်။

ယခုလ ၂ဝ ရက်နေ့တွင် ကျင်းပ မည့် လွှတ်တော်အရေးပေါ် အစည်းအ ဝေးတွင် မြို့ရွာအချို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များမှ အမိန့်များ၊ ညွှန် ကြားချက်များကို တင်ပြအ တည်ပြုရန် နိုင်ငံတော်သမ္မတထံမှ ရောက်ရှိလာ မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဖြစ်စဉ်များ နောက်ထပ် ထပ်မံ မဖြစ်ပွားရန်နှင့် ဖြစ်ပွားလာပါက လုပ်ဆောင်ရမည့် အချက် များကို ကြိုတင်ကာကွယ်မည့် အပိုင်းများပါရှိလာနိုင်ကြောင်း သိရသည်။ ”ခုဖြစ်ခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေမှာ သမ္မတကြီးဆီက ထုတ်ပြန်ခဲ့တဲ့ အမိန့် တွေ၊ ပုဒ်မ ၁၄၄ လို အမိန့်တွေ တို့လို ဟာတွေကို လွှတ်တော်ကနေ အတည် ပြုပေးဖို့ ခေါ်ယူတဲ့ အစည်းအဝေး ဖြစ် မှာပါ။ အဲဒီအပိုင်းတွေက လွှတ်တော်မှာ အသိပေး အတည်ပြုထားဖို့ လိုပါတယ်။ ကျန်တဲ့အပိုင်းတွေက ဇွန်လမှာ ခေါ်ယူမယ့် အစည်းအဝေးကျမှပဲ ဆက်လက်လုပ် သွားမယ့် သဘောပါ။

ခုအရေးပေါ် အစည်းအဝေးက သုံးရက်လောက်ပဲ ကြာမယ်ထင်ပါတယ်” ဟု ၎င်းက ပြော သည်။ ယင်းအရေးပေါ် အစည်းအဝေးကို ယခုလ ၂ဝ ရက် (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ပြီး ပုံမှန် အစည်းအဝေး ကို ဇွန်လ နောက်ဆုံး ပတ်တွင်ခေါ်ယူ သွားမည်ဖြစ်သည်။နိုင်ငံတော်သမ္မတသည် အရေး ပေါ် အစည်းအဝေးခေါ်ယူခြင်းနှင့် ပတ် သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၁၃ (က)တွင် နိုင်ငံတော် ကျူးကျော် တိုက်ခိုက်ခြင်းခံရလျှင် ဖွဲ့စည်းပုံ အခြေ ခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

ထို့အပြင် ၂၁၃ (ခ)အရ သမ္မတ ၏ ဆောင်ရွက်ချက်သည် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပနေချိန် မဟုတ်ပါက ပြည်ထောင်စုလွှတ် တော်အစည်းအဝေးကို အရေးပေါ် ခေါ်ယူ၍ တင်ပြအတည်ပြုချက် ရယူရ မည်ဟု ပြဋ္ဌာန်းထားသည်။  

အောင်ထက် (NYK)http://popularmyanmar.com
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template