Headlines News :
Home » » ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဟိုပန်မြို့ ခရီးစဉ်ရွှေ့ဆိုင်းခဲ့ရခြင်း

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဟိုပန်မြို့ ခရီးစဉ်ရွှေ့ဆိုင်းခဲ့ရခြင်း

Written By လွင့်မောင်မောင် on Thursday, May 9, 2013 | 8:51 PM


သီပေါမြို့သို့ ရောက်ရှိခဲ့ရာ ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် သီပေါမြို့နေပြည်သူများက လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်
-------------------------------------------------------------------------------------------------
ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ်ရောက်ရှိနေကြသော မင်းကိုနိုင်ဦးဆောင်သည့် ၈၈မျိုးဆက်တို့သည် ယနေ့နံနက်တွင် လားရှိုးမြို့မှ ဟိုပန်မြို့သို့ ထွက်ခွာလာရာ ဟိုပန်မြို့မှ ကိုဝင်းတင့်နှင့် ပွဲဖြစ်မြောက်ရေးတာဝန်ခံတို့က "ယနေ့နံနက်တွင် ဟိုပန်မြို့အ၀င်အခြေအနေသည် ရုတ်ချည်းပြောင်းလဲ သွားခဲ့ကြောင်း၊ ဦးခွန်စိန် ဦးစီးသည့် အဖွဲ့က တောင်ပေါ်ရွာများမှ ရွာသားများကို ကား ၁၇စီးဖြင့် ခေါ်လာပြီး မြို့ဝင်တံတားထိပ်တွင် ချထားကြောင်း၊ လူအင်အား ၄၀၀ ကျော်ခန့်ရှိကြောင်း၊ ၈၈မျိုးဆက်ကို ကြိုဆိုရေးအတွက် ရွာသားများကို တစ်အိမ်တစ်ယောက် ခေါ်ယူလာသည်ဟု ကြားသိရကြောင်း၊ သို့သော် အခြေအနေမှာ ဆန့်ကျင်ဘက်သဘောထားသို့ ပြောင်းလဲသွားစေရန် ဦးခွန်စိန်နှင့် အဖွဲ့က စီစဉ်နေကြောင်း၊ ပွဲကျင်းပခွင့်ပြုထားသည့် ပြည်သူ့ရဲများက အခမ်းအနားကျင်းပမည့် ဘုန်းတော်ကြီးကျောင်းတွင်သာ လုံခြုံရေးတာဝန်ယူပေးနိုင်မည်ဖြစ်ကြောင်း၊ လာရောက်မည့်သူတို့အတွက် လုံခြုံရေးကို ပွဲစီစဉ်သူများအနေဖြင့်လဲ အာမခံ တာဝန်ယူပေးနိုင်ရန်မှာလဲ မလွယ်ကူပါကြောင်း" တို့ကို ၈၈မျိုးဆက်သို့ သတင်းပေးပို့ခဲ့သည်။ ၎င်းနောက် ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုဝင်းတင့်နှင့် ပွဲဖြစ်မြောက်ရေးကော်မတီက " ၎င်းတို့ အနေဖြင့် ပွဲကို လုံခြုံရေးအခြေအနေအရ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း" ဆက်လက်သတင်းပေးပို့လာခဲ့သဖြင့် ရှမ်းပြည်မြောက်ပိုင်း ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်တွင် ဟိုပန်ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ကြသည်။

88 Generation Students
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template