Headlines News :
Home » » အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဖွဲ့စည်း

အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဖွဲ့စည်း

Written By လွင့်မောင်မောင် on Thursday, May 9, 2013 | 11:36 AM

 
Thursday, May 9, 2013
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာ
(အမှတ်၊ ၃၁/၂ဝ၁၃)
၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်
(၂ဝ၁၃ ခုနှစ်၊ မေလ ၈ ရက်)
အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ ဖွဲ့စည်းခြင်း


၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လက်ရှိကျင့်သုံး ဆောင် ရွက်နေသော အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ စိစစ်ကြပ်မတ်ခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက် နိုင်ရေးအတွက် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ အား အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည်-
 (က) သူရဦးသောင်းလွင် ဥက္ကဋ္ဌ
 ( ခ)ဦးမော်သန်း ပါမောက္ခချုပ်(အငြိမ်းစား) အဖွဲ့ဝင်
 ( ဂ) ဦးကျော်မင်းထွန်း ဒုတိယပါမောက္ခချုပ်(အငြိမ်းစား) အဖွဲ့ဝင်
 (ဃ) ဦးသိန်းအောင် ဒုတိယညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) အဖွဲ့ဝင်
 ( င)ဒေါ်ဝါဝါထွန်း မြန်မာနိုင်ငံအမျိုးသမီး စွမ်းဆောင်ရှင်များအသင်း အဖွဲ့ဝင်
( စ)ဒေါက်တာမောင်မောင်လေး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အဖွဲ့ဝင်
 (ဆ) ဒေါ်ကြည်ကြည်စိန် ပါမောက္ခ(အငြိမ်းစား) အဖွဲ့ဝင်
 ( ဇ) ဦးကေကေ ညွှန်ကြားရေးမှူး(အငြိမ်းစား) အဖွဲ့ဝင်
 (ဈ) ညွှန်ကြားရေးမှူးချုပ် ပြည်တွင်းအခွန်များဦးစီးဌာန အတွင်းရေးမှူး

၂။ အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
 (က)အခွန်စည်းကြပ်ကောက်ခံရာတွင် ရသင့်ရထိုက်သော အခွန်ရရှိခြင်း ရှိ၊ မရှိ စိစစ်ရန်၊
 ( ခ)နိုင်ငံတော်အတွင်း ဆောင်ရွက်နေသည့် ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများမှ အခွန်ကောက် ခံရရှိမှုကို စိစစ်ရန်၊
 ( ဂ) အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ စိစစ်တွေ့ရှိချက် သုံးသပ်အကြံပြု ချက်များအား ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ တင်ပြရန်၊
 (ဃ) ရသင့်ရထိုက်သော အခွန်ရရှိရေး၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေး အတွက် လက်ရှိအခွန်ကောက်ခံမှုနှင့် ပတ်သက်၍ လေ့လာသုံးသပ် အကြံပြုရန်၊
 ( င ) မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှု စနစ်တကျဖြစ်စေရေးနှင့် အခွန် ပြည့်ပြည့်ဝဝရရှိရေးရည်မှန်းချက်အားအထောက်အကူပြုရန်။ အမိန့်အရ ဇော်သန်းသင်း အတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ http://www.president-office.gov.mm/zg/briefing-room/news/2013/05/09/id-3304
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template