Headlines News :
Home » » ဦးနေမျိုးဇင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် SNLD တောင်းဆို

ဦးနေမျိုးဇင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် SNLD တောင်းဆို

Written By လွင့်မောင်မောင် on Friday, May 10, 2013 | 10:28 AM


ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင် ၆ နှစ် ချမှတ်လိုက်တဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ့ အမြန်ဆုံး ပြန်လွှတ်ပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SLND) က တောင်းဆိုလိုက်ပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ ရဲတပ်ဖွဲ့ကို အကြည်ညိုပျက်စေမှု့နဲ့ ပန်းတနော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်ပြီး မအူပင်ထောင်မှာ အကျဉ်းကျခံနေရသူဖြစ်ပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးစဉ်က ပုဒ်မ ၄၀၁ ကြွေးကျန်အဖြစ် သတ်မှတ်ထားတဲ့ ထောင်ဒဏ် ၆ နှစ်ကို ပြန်လည်ကျခံစေဖို့ ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး SLND က ဒီနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ကြေညာချက်မှာ အစိုးရရဲ့ ဒီလိုဆောင်ရွက်ချက်ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆောင်ရွက်နေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေအပေါ် သက်ရောက်မှု့ရှိ့စေပြီး အပြု့သဘော နိုင်ငံရေးဆောင်ရွက်ချက်တွေ အပေါ်မှာ ဆိုးကျိုးတွေ ရှိ့လာနိုင်တယ်လို့ ထောက်ပြထားပါတယ်။

ဦးနေမျိုးဇင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်ကလည်း ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။

http://burmese.dvb.no/archives/39245
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template