Headlines News :
Home » » ဒုတိယအကြိမ် အမျိုးသားသတင်းဆုခြောက်ဆု ချီးမြှင့်

ဒုတိယအကြိမ် အမျိုးသားသတင်းဆုခြောက်ဆု ချီးမြှင့်

Written By လွင့်မောင်မောင် on Sunday, May 5, 2013 | 5:33 PM

ရန်ကုန်၊ မေ ၎

ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့အမျိုးသား
ကဇာတ်ရုံတွင် မေလ ၃ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်မြောက် အမျိုးသား သတင်းဆု ချီးမြှင့်ပွဲတွင် ဆုအမျိုးအစား ခြောက်မျိုး ချီးမြှင့်ခဲ့သည်။

အမျိုးသားသတင်းဆုများ ရွေးချယ်ရာတွင် မီဒီယာ ၃၀ ကျော်မှ ပေးပို့လာသည့် သတင်း၊ ရုပ်သံသတင်း၊ သတင်းဆောင်းပါး၊ ကာတွန်း၊ အယ်ဒီတာ့အာဘော်နှင့် သတင်း ဓာတ်ပုံများမှ ဆန်ခါတင် ၁၈ ဦးကို ရွေးချယ်ခဲ့ပြီး ယင်းမှ အမျိုးသားသတင်းဆု အတွက်
ပြန်လည်ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။

အကောင်းဆုံး အယ်ဒီတာ့အာဘော်ဆု ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က ထုတ်ဝေသော The Myanmar Independent News Journal တွင် ဖော်ပြထားသည့် အသွင်မတူမှုနှင့် ပဋိပက္ခ အသွင်ပြောင်းခြင်း ခေါင်းစဉ်ဖြင့် ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် အကောင်းဆုံးသတင်း ဆောင်းပါးဆုကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက် နေ့ထုတ် The Voice Weekly တွင် ဖော်ပြခဲ့သည့် မြစ်ဆုံပြန်စမည်လော ခေါင်းစဉ်ဖြင့် ဦးကျော်စွာစိုး၊ ဦးအောင်ဘိုဘိုရှိန် တို့က ရရှိခဲ့သည်။

၂၀၁၂ ခုနှစ် မတ်လ ၁၂ ရက်နေ့ ထုတ် The Voice Weekly တွင် ဖော်ပြခဲ့သည့် ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းက အကောင်းဆုံးသတင်းဆုကို ရရှိခဲ့ပြီး အကောင်းဆုံး သတင်းကာတွန်းဆု ကိုလည်း The Voice Weekly အတွဲ ၈ အမှတ် ၁၈ တွင် ဖော်ပြထားသော ကာတွန်းဖြင့် ကာတွန်းဆရာ ကျော်သူရိန်က ရရှိသည်။

အကောင်းဆုံး သတင်းဓာတ်ပုံဆုကို မော်နီတာ သတင်းဂျာနယ်တွင် ပါဝင်သော ကယားပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆွေးနွေးပွဲ ပုံနှင့် ဓာတ်ပုံဆရာ ဇော်မင်းနိုင် က ရရှိခဲ့သည်။

မီဒီယာဖိနှိပ်မှုနှင့် လူငယ်သတင်းစာ ဆရာများ မီဒီယာလွတ်လပ်ခွင့် အရေးဆို ခေါင်းစဉ်ဖြင့် MNTV သတင်းအဖွဲ့က အကောင်းဆုံး ရုပ်သံသတင်းဆုကို ရရှိခဲ့သည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template