Headlines News :
Home » » မတော်မတရားဖယ်ရှားဖျက်ဆီးခံလိုက်ရသောလားရှိုးမြို့က ရှမ်းအိုးစည်ကြီးများ

မတော်မတရားဖယ်ရှားဖျက်ဆီးခံလိုက်ရသောလားရှိုးမြို့က ရှမ်းအိုးစည်ကြီးများ

Written By လွင့်မောင်မောင် on Sunday, May 5, 2013 | 3:37 PM


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး မြို့ရဲ့Land marks (ထင်ရှားသောအမှတ် အသား)တွေထဲမှာ လားရှိုးမြို့မုခ်ဦးကြီးက တစ်ခုအပါအ၀င်ဖြစ်တယ်။ လားရှိုးမြို့ကို တစ်မြို့တစ်ရွာက အလည်လာကြသူတိုင်း မြို့ဝင်မုခ်ဦးကြီးရှေ့မှာ အမှတ်တရဓာတ်ပုံ ရိုက်ကြတယ်။ လားရှိုးဒေသခံတွေကလည်း အဲဒီမုခ်ဦးကြီးနဲ့ အတူ ဓာတ်ပုံတွေရိုက်ပြီး ရပ်ဝေးက မိတ်ဆွေသူငယ်ချင်းတွေဆီ အမှတ်တရပေးပို့ကြတယ်။ လားရှိုးမြို့က ထုတ်ဝေတဲ့ ပြက္ခဒိန်တွေ၊ မဂ္ဂဇင်းတွေမှာ လည်း မြို့ဝင်မုခ်ဦးကြီးရဲ့ ဓာတ်ပုံတွေကို ဝေေ၀ဆာဆာထည့်သွင်းဖော်ပြထားကြ တယ်။ လားရှိုးမြို့က အလှူပွဲ၊ မင်္ဂလာပွဲ တွေဆိုရင်လည်း မှတ်တမ်းတင်ဓာတ်ပုံ ဗွီဒီယိုတွေရိုက်ရင်မြို့ဝင်မုခ်ဦးကြီးပါအောင် ရိုက်ကြတယ်။ မြန်မာ့ရုပ်မြင်သံကြားက နိုင်ငံတော်အကြီးအကဲတွေရဲ့ ခရီးစဉ် သတင်းတွေ ထုတ်လွှင့်တဲ့အခါတွေမှာ လည်း လားရှိုးမြို့ဝင်မုခ်ဦးကြီးရဲ့ပုံကို တခမ်းတနားဖော်ပြကြတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် သမီးရည်းစားစုံတွဲတွေ အမှတ်တရဓာတ်ပုံရိုက်ကြရင်တောင်မြို့ ၀င်မုခ်ဦးကြီးရှေ့မှာ မရှက်မကြောက်လာ ရိုက်ကြတယ်။ ဒါတွေကိုကြည့်လိုက်ရင် လားရှိုးမြို့ဝင်မုခ်ဦးကြီးဟာလားရှိုးမြို့သူ မြို့သားတွေအဖို့အထူးဂုဏ်ယူစရာLand Marks (ထင်ရှားသောအမှတ်အသား) တစ်ခုဖြစ်နေတယ်ဆိုတာပြောနေဖို့မလို တော့ပါဘူး။
အဲဒီလားရှိုးမြို့ဝင်မုခ်ဦးကြီးကို ရှေးပဒေသရာဇ်ခေတ်၊ စော်ဘွားခေတ် က တည်ဆောက်ခဲ့တာမဟုတ်ဘူး။ တပ်မတော်အစိုးရလက်ထက် (၁၉၈၉-၉၀) လောက်ကမှ တည်ဆောက်ထား တာပါ။ လေးလမ်းသွားကားလမ်းမကျယ် ကြီးပေါ်မှာ ခွပြီးတည်ဆောက်ထားတာ ဖြစ်လို့လှပခန့်ညားကြီးမားထည်ဝါလှပါ တယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရဲ့ မြို့တော်ဖြစ်တဲ့ လားရှိုးမြို့ရဲ့ မြို့ဝင်မုခ် ဦးဖြစ်တဲ့အတွက် ရှမ်းတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံနဲ့ အနုပညာရိုးရာ အလှအပတွေကို မြန်မာမှုအနုပညာတွေ နဲ့ ပေါင်းစပ်ထုံမွှမ်းပြီး ရှမ်း-မြန်မာချစ်ကြည် ရင်းနှီးမှုအဓိပ်္ပာယ်ကိုဖော်ဆောင်တည် ဆောက်ခဲ့တယ်လို့သိရပါတယ်။
ကြီးမားလှတဲ့ မုခ်ဦးပင်မတိုင်ကြီးနှစ် လုံးရဲ့ အ၀င်အထွက်မျက်နှာစာနှစ်ဖက် ပေါ်မှာ ရှမ်းအိုးစည်တီးနေပုံ၊ ရှမ်းသိုင်း ကနေပုံနဲ့ ကိန္နရာအကကနေပုံတွေကို အနုပညာမြောက်စွာရုပ်လုံးကြွထုဆစ် တည်ဆောက်ထားပါတယ်။ ပင်မတိုင်ကြီး နှစ်လုံးရဲ့ ဘေးတစ်ဖက်စီမှာတော့ ကြီးမား လှတဲ့ ရှမ်းအိုးစည်ကြီးသုံးလုံးစီကို အရံ တိုင်များအဖြစ် ခိုင်ခန့်လှပစွာတည်ဆောက် ထားပါတယ်။ ဒါကြောင့်မို့ လားရှိုးမြို့ဝင် မုခ်ဦးကြီးဟာ တခြားမြို့တွေက မြို့ဝင်မုခ် ဦးတွေနဲ့ မတူ တစ်မူထူးခြားခန့်ညားထည် ၀ါလှပနေပါတယ်။ အဲဒီလားရှိုးမြို့ဝင်မုခ် ဦးကြီးကို တွေ့မြင်သူတိုင်းက လားရှိုးမြို့ မှာ ရှမ်းမြန်မာတွေ ချစ်ကြည်ရင်းနှီးစွာ အတူလက်တွဲနေထိုင်ကြတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ်လွင်နေတယ်။ ငြိမ်းချမ်းရေး တေးသံတွေကို ကြားနေရတယ်လို့ခံစား မိကြောင်း ပြောပြကြတယ်။
အခုတော့ အရင်လို မဟုတော့ပါ ဘူး။
လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကစပြီး လားရှိုးမြို့ဝင်မုခ်ဦးကြီးနားမှာ ဘယ်သူမှ အမှတ်တရဓာတ်ပုံလာမရိုက်တော့ဘူး။ ဘယ်အလှူပွဲ၊ မင်္ဂလာပွဲမှလည်း ဗွီဒီယို လာမရိုက်ကြတော့ဘူး။ ဘယ်ပြက္ခဒိန်၊ ဘယ်မဂ္ဂဇင်းမှာမှလည်း မုခ်ဦးကြီးဓာတ်ပုံ တွေ မဖော်ပြကြတော့ဘူး။ လားရှိုးမြို့ခံ ဒေသခံတွေအနေနဲ့လည်း မြို့ဝင်မုခ်ဦးကြီး နဲ့ ပတ်သက်လို့ဂုဏ်ယူဝင့်ကြွားနိုင်ကြဖို့ နေနေသာသာ၊ ရင်ထဲမှာ တမြေ့မြေ့ခံစား နေကြရပုံတွေက ၀မ်းနည်းစရာကြေကွဲ စရာတွေချည်းပါပဲ။ အဖြစ်အပျက်တွေက လည်း ကြားရတဲ့သူအဖို့မယုံနိုင်စရာတွေ ပဲလေ။
“ဘယ်မြို့နဲ့မှမတူတဲ့ ကျုပ်တို့မြို့ရဲ့ ကျပ်သရေဆောင်၊ ကျုပ်တို့မြို့ရဲ့ အထိမ်း အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ မြို့ဝင်မုခ် ဦးကြီးကို ကြည့်လိုက်ကြပါဦး။ အရင်တုန်း ကနဲ့ တူသေးရဲ့လားလို့။ ကျုပ်တို့မြတ်နိုး တဲ့ ကျုပ်တို့တန်ဖိုးထားတဲ့ ရှမ်းအိုးစည် ကြီး (၆) လုံး မရှိတော့ဘူး။ ပျက်စီးသွား တာမဟုတ်ဘူး။ ပြိုကျသွားတာမဟုတ်ဘူး။ မတော်မတရားဖယ်ရှားဖျက်ဆီးခံလိုက်ရ တာပါ။ အခိုင်အမာတည်ဆောက်ထားခဲ့ တဲ့ ရှမ်းအိုးစည်ကြီး (၆) လုံးကို အတင်း အဓမ္မမရမကဖျက်ဆီးပြီး ကွန်ကရစ်တိုင် ကြီး (၆) လုံးဖြစ်သွားအောင်လုပ်လိုက် ကြတာပါ။ ဘာကြောင့်လဲ ဘာအဓိပ္ပာယ် လဲဆိုတာကိုတော့ လားရှိုးတစ်မြို့လုံး ကလေးတွေကအစသိကြပါတယ်။ ပင်မ တိုင်ကြီးတွေပေါ်မှာ ခဲရာခဲဆစ်အနုပညာ မြောက်စွာထုလုပ်ထားတဲ့ အိုးစည်တီးနေ တဲ့ပုံတွေ၊ သိုင်းကစားနေတဲ့ပုံတွေ၊ ကိန္န ရာကနေတဲ့ ပုံတွေကို အကုန်လုံးမတော် မတရားဖယ်ရှားဖျက်ဆီးပစ်လိုက်တယ်။ အဲဒီနေရာတွေမှာ ဘာပုံတွေနဲ့ အစားထိုး သလဲဆိုတော့ ပါးနှံပုံတွေတဲ့ဗျာ။ စပါး နှံပုံတွေ အစားထိုးထားတယ်။ ဘာဆိုင် လို့လဲ။ ဘာအဓိပ္ပာယ်ရှိလဲ။ ကျုပ်တို့လား ရှိုးမြို့က ရှမ်းပြည်နယ်မှာလေဗျာ။ စပါး ထွက်တဲ့ ဧရာဝတီတိုင်းမှာမှ မဟုတ်တာ။ ရှမ်းပြည်နယ်ရဲ့ ထင်ရှားတဲ့အထိမ်းအမှတ် သင်္ကေတတွေက ရှမ်းတောင်တန်း၊ ပန်းချယ်ရီ၊ ရှမ်းအိုးစည်၊ ရှမ်းအကတွေပဲ လေ။ ဒါတွေကိုမသိဘူးလား။ သိလို့တမင် သက်သက်ဖျက်ဆီးပစ်လိုက်တာလားလို့ မေးလိုက်ချင်တယ်”ဟု လားရှိုးမြို့ခံရှမ်း တိုင်းရင်းသားသက်ကြီးရွယ်အိုတစ်ဦးက ကြေကွဲစွာနဲ့ပြောပြတယ်။
“ဒီလိုမတော်မတရားဖယ်ရှားဖျက်ဆီး ပစ်ရတဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပဲ။ ရှမ်းအိုးစည်တွေကိုဖယ်၊ ရှမ်းအကတွေကို ဖျက်၊ ရှမ်းယဉ်ကျေးမှုတွေကို ဖျောက်ပစ် တယ်ဆိုကတည်းက အဲဒီလူရဲ့စိတ်ရင်းရှင်း ရှင်းဘွင်းဘွင်းကြီးပေါ်နေတာပဲ။ ရှေး အစဉ်အဆက်ပဝေသဏီကထဲက အတူ တကွချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနေထိုင် လာခဲ့ကြတဲ့ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုတွေကို သွေးကွဲအောင်သွေးခွဲ တာလို့ပဲထင်ပါတယ်။ သူတို့ကပဲ “ဘယ် သူခွဲခွဲဒို့မကွဲအမြဲစည်းလုံးမည်”လို့ပြောပြီး၊ အခုတော့ သူတို့ကပဲ သွေးမကွဲကွဲအောင် သွေးခွဲပစ်ခဲ့တာလေ”ဟု လားရှိုးမြို့ခံ မြန်မာတိုင်းရင်းသားကုန်သည်ကြီးတစ်ဦး ကရင်ဖွင့်ပြောကြားပါတယ်။
“မြို့ဝင်မုခ်ဦးက ရှမ်းအိုးစည်တွေတင် မကပါဘူး။ နန်းဟေ၀န်ဥယျာဉ်မုခ်ဦးနှစ် ခုက ရှမ်းအိုးစည်ကြီး (၄) လုံးကိုလည်း အတင်းအဓမ္မဖျက်ဆီးပစ်ပြီး စပါးနှံပုံတွေ ပြန်လုပ်ထားတယ်။ ပန်းဥယျာဉ်နဲ့ စပါး နှံပုံနဲ့ ဘာဆိုလို့လဲဗျာ။ မြင်တဲ့လူတိုင်းက နှာခေါင်းရှုံ့သွားကြတာချည်းပဲ။ တော်ပါ သေးတယ်ဗျာ။ အဲဒီအဖျက်သမားပုဂ်္ဂိုလ် ကြီးပြောင်းသွားလို့လားတွေ့မသွားလို့လား မသိဘူး။ မြို့တော်ခန်းမရှေ့လမ်းဆုံအ၀ိုင်း ပေါ်က “စည်းလုံးညီညွတ်ခြင်းသည်အင်အား” ဆိုတဲ့ ရှမ်းသားအဖနှစ်ယောက် ထင်းစီး ချိုးနေတဲ့ကျောက်ရုပ်က ရှမ်းခေါင်းပေါင်း တွေ၊ ရှမ်းတိုက်ပုံတွေ၊ ရှမ်းဘောင်းဘီတွေ ချွတ်ပစ်ပြီး စပါးနှံခေါင်းပေါင်းတွေ၊ စပါး နှံတိုက်ပုံတွေ၊ စပါးနှံဘောင်းဘီတွေ၊ ၀တ်ပေးမသွားတာတော်သေးတာပေါ့ဗျာ”ဟု အငြိမ်းစားကျောင်းဆရာတစ်ဦးကဟာသ နှောလို့ပြောပါတယ်။
“ဘယ်သူ့အမိန့်နဲ့ လုပ်တာလဲလို့များ မေးနေရသေးသလားဗျာ။ ဒီလိုမျိုးအလုပ် ဘယ်ဌာနဆိုင်ရာက သူ့သဘောနဲ့သူ လုပ်ရဲမှာလဲဗျ။ ဒေသဆိုင်ရာအာဏာပိုင် အကြီးဆုံးပုဂ်္ဂိုလ်ရဲ့ အမိန့်ရမှလုပ်ရဲမှာပေါ့။ လားရှိုးမြို့ဆိုတာ အဲဒီအခါတုန်းက ပြည်နယ်အဆင့်မြို့တော်လေဗျာ။ ရှမ်း ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီ (မြောက်ပိုင်း)ရုံးစိုက်တဲ့မြို့ ဗျ။ ဒေသအာဏာပိုင်က ဘယ်သူလဲ။ ဘာလဲဆိုတာ ပြောနေစရာလိုသေးသလား ဗျာ။ “စပါးနှံ” ပုံတွေ ကြည့်လိုက်တာနဲ့ ဘယ်လူကြီးဘယ်ပုဂ်္ဂိုလ်ဆိုတာ လားရှိုး မြို့ခံတွေသာမကဘူး။ တစ်နိုင်ငံလုံးက လူတွေသိကြပါတယ်”ဟု ရှမ်းတိုင်းရင်းသူ ၀န်ထမ်းတစ်ဦးကဒေါနှင့် မောနှင့်ပြောပါ သည်။
ဒီဖြစ်ရပ်တွေကို ကျွန်မတို့အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းလည်းသိမှာပါ။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ကျွန်မတို့ လားရှိုးမြို့ရဲ့ (ထင်ရှားသောအမှတ်အသား) တစ်ခုဖြစ်တဲ့ မြို့ဝင်မုခ်ဦးကြီးကို အမြော် အမြင်ရှိရှိနဲ့ မူလတည်ဆောက်ခဲ့စဉ်က အတိုင်းရှမ်းရိုးရာယဉ်ကျေးမှုသင်္ကေတပုံ တွေကို အရင်အတိုင်းပြန်လည်ထုဆစ် တည်ဆောက်ထားရှိဖို့ စီစဉ်ဆောင်ရွက် နေပါတယ်။ ဒီကိစ္စကအောက်ခြေအဆင့် လောက်နဲ့ ဖြစ်မှာမဟုတ်ဘူး။ လားရှိုးမှာ ရှိတဲ့ မြို့နယ်အဆင့်ခရိုင်အဆင့်က တာဝန်ရှိသူတွေအနေနဲ့ကလည်း လားရှိုး မြို့သူ လားရှိုးမြို့သားမဟုတ်ကြလို့ လားရှိုး မြို့ခံတွေလို ခံစားချက်ရှိမှာ မဟုတ်ဘူး။ တာဝန်ယူဆောင်ရွက်ကြဖို့လည်း စိတ်ဝင် စားကြမှာမဟုတ်လောက်ပါဘူး။ ဒါကြောင့် ဒုတိယသမ္မတဆီတင်ပြဆောင်ရွက်ဖို့ စီစဉ်နေကြပါတယ်”ဟု လားရှိုးမြို့မီဒီယာ လောကမှ လူငယ်တစ်ဦးကရှင်းလင်းပြော ပြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့ မြို့ဝင်မုခ်ဦးကြီးက ရှမ်းအိုးစည်ကြီးများ၊ ရှမ်းရိုးရာယဉ်ကျေးမှုသရုပ်ဖော်ပုံများကို မတော်မတရားဖယ်ရှားဖျက်ဆီးခံခဲ့ရမှုနှင့် ပတ်သက်ပြီး လားရှိုးမြို့မှာ နှစ်ရှည်လများ ကြာမြင့်စွာနေထိုင်လာခဲ့ကြတဲ့ ဒေသခံ လားရှိုးသားများရဲ့ နှလုံးသားထဲက စကားသံများကို ကြားသိခဲ့ရတဲ့အတိုင်း တင်ပြလိုက်ပါတယ်။
လားရှိုးမြို့သူမြို့သားများရဲ့ အသံ၊ မြို့သူမြို့သားများရဲ့ ဆန္ဒကို မီဒီယာအစွမ်း နဲ့ တစ်ဖက်တစ်လမ်းကဖြည့်ဆည်းပေးရင်း မကြာမီကာလမှာ လားရှိုးမြို့ဝင်မုခ်ဦးကြီး နဲ့ နန်းဟေ၀န်ဥယျာဉ်မုခ်ဦးကြီးတို့ကို မူလပထမတည်ဆောက်ခဲ့စဉ်ကအတိုင်း ရှမ်းတိုင်းရင်းသားတို့ရဲ့ အနုပညာယဉ် ကျေးမှုသရုပ်ဖော်ပုံများနှင့်အတူ ထည် ထည်ဝါ၀ါဝင့်ဝင့်ကြွာကြွာခန့်ညားလှပစွာ တွေ့မြင်နိုင်ကြပါစေကြောင့် ဆုမွန်တောင်း ရင်း။

ရှမ်းလေး (လားရှိုး)

http://www.hotnewsweekly.com/archives/20124
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template