မိုးလေ၀သသတင်း
မေ (၁၁) ရက်နေ့ မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန် တိုင်းထွာချက်အရာ ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း မဟာစင် (MAHASEN) အဖြစ်သို့ ရောက်ရှိခဲ့ပြီး ကော့သောင်းမြို့ (မြန်မာနိုင်ငံ) ၏ အနောက်တောင်ဘက် မိုင် (၅၁၀) ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မုန်တိုင်း ဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် (၅၀) မှ မိုင် (၆၀) အထိ ရှိနိုင်ပါသည်။ မဟာစင် ဆိုင်ကလုန်းမုန်တိုင်းသည် နောက် (၂၄) နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး
— at www.moi.gov.mm/mrtv.